အာဟာရချို့တဲ့မှုကြောင့် ကိုယ်ခန္ဓာဖွံဖြိုးမှုအားနည်းကာ အရပ်မရှည်ပဲ သွေးအားနည်းရောဂါများနေတဲ့ နိုင်ငံ

အာဟာရပြည့်ဝရင်း ကြီးပြင်းလာ တဲ့အခါ ပိုမိုပျော်ရွှင်ကျန်းမာတဲ့  မိသားစု ဘဝတည်ဆောက်နိုင်မယ်။ အာဟာရပြည့် ဝခြင်းဟာ လူသား အရင်းအမြစ်အတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်  သိသိသာသာ အထောက်အကူပြုနိုင်တဲ့   အချက် ပဲ ဖြစ်တယ်။ စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေ အဖွဲ ့ (LLFT)ရဲ့စစ်တမ်းအရ မြန်မာနိုင်ငံ မှာ ဆယ်စုနှစ်တစ်ခုကြား အာဟာရချို့တဲ့ ကလေး တွေ လေ့လာရာမှာ နွမ်းပါးတဲ့   မိသားစုဝင်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူသီးရေ ထက်ဝက်မှာ နွမ်းပါးတဲ့ လူဦးရေဖြစ်နေလို့ ကလေးငယ်နှစ်ဦး (သို့) သုံးဦးမှာ တစ်ဦး အာဟာရချို့တဲ့နေကြောင်း ၂၀၁၃ အ သက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေ စစ်တမ်းမှဆိုတယ်။

အာ ဟာရ ချို့တဲ့မှုကြောင့် ဖြစ်တဲ့  အရပ်ပုညှက် နှုန်း အလွန်မြင့်မားနေပြီး တောင်တန်း ဒေသ မှာ ၄၅-၅၅ ရာခိုင်နှုန်း အထိရှိကာ မြစ်ဝ ကျွန်းပေါ်၊ ကမ်းရိုးတန်းဒေသနဲ့ အပူ ပိုင်းဇုန်မှာ ၃၄-၃၆ ရာခိုင်နှုန်းအထိ ရှိ ကြောင်းလည်း သိရပါတယ်။ ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံ အစာ အာ ဟာရဆိုင်ရာ တစ်ဦးတည်း ကိုယ်စားလှယ် ဒေါက်တာဝင်းဝင်းမြင့်(ဝိတိုရိယ ဆေးရုံ ) က အာဟာရမပြည့်ဝလို့ ကိုယ်ဝန်ဆောင် မိခင် တစ်သိန်း နှစ်စဉ် သေဆုံးပါကြောင်း၊ မ စားမသောက်ရလို့ နှစ်စဉ် ကလေး ၂ ့ ၆ သန်းသေဆုံးနေကြောင်း ဆိုတယ်။  မိခင်  နှင့် ကလေး ကျန်းမာရေးအတွက် လူမှုရေး လစာ တစ်လ ၁၀,ဝဝဝကျပ်နဲ့ သုံးလပေး အပ်တဲ့ အပြင် သားသည်မိခင်တွေအ တွက် အာဟာရပြည့်ဝ အောင် စားသောက် ရေး ဟောပြောပွဲများ၊လက်တွေ့ချက် ပြုတ် ကျွေးမွေးခြင်းတို့   လိုအပ်တယ်ဆို တယ်။

၂၀၁၄  သန်းခေါင်စာရင်း အရ မြန်မာ နိုင်ငံသား  တစ်ဦးဟာ အသက် ၆၆ ့ ၈ နှစ် သာနေနိုင်ပြီး  အာဆီယံအတွင်း သက် တမ်းတိုတဲ့အုပ်စုထဲ ပါဝင်နေချိန် ဂျပန်အမျိုးသမီးတစ်ဦး ပျမ်းမျှသက်တမ်း ၈၆ နှစ် ၊ ဟောင်ကောင် ၈၃ နှစ်တို့နဲ့ နှိုင်းယှဉ်ကြည့် နိုင်ပါတယ်။ အရပ်ပုညှက်ခြင်း ဆိုတာ လူမျိုးအလိုက် ရှိသင့်ရှိထိုက်တဲ့ အရပ်အမောင်းထက် ပုနေခြင်းကို ဆိုလိုပြီး ကလေးသန္ဓေသား ဘဝ ကစလို့ နှစ်နှစ်မြောက်မွေးနေ့ အထိ ရက်ပေါင်း ၁ဝဝဝ ကျော်ကာလအတွင်း အာဟာရလုံလောက်အောင် မရရှိခြင်းနှင့်  မကြာခဏ နာမကျန်းဖြစ်ခြင်း၊ သွေးအား နည်း ခြင်းတို့ကြောင့် အရပ်ပုညှက်ရပါ တယ်။ မြန်မာနိုင်ငံမှ အာဟာရချို့တဲ့မှုတွေ လေ့လာတဲ့အခါ ကလေးငါးဦးမှာ တစ်ဦး အာဟာရချို့တဲ့နေ ကာ နွမ်းပါးတဲ့မိသားစု ဝင်ဖြစ်ကြပါတယ်။

၂၀၁၃ ခုနှစ် အသက် မွေးဝမ်းကျောင်းနဲ့စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့ (LIFT) စစ်တမ်းအရ ကလေး သုံးဦးမှာ တစ်ဦးအာဟာရ ချို့တဲ့ နေ တယ် ဆိုတယ်။ အာဟာရချို့တဲ့မှု ကြောင့်ဖြစ်တဲ့ ပုညှက်ခြင်းဟာ ကလေးနဲ့ လူကြီးတွေမှာ ရေရှည်သက်ရောက်စေပြီး ကာယ၊ ဉာဏ စွမ်းဆောင်ရည်တွေ နိမ့်ပါး ခြင်း အပါအဝင် အလုပ်လုပ်နိုင်စွမ်း လျော့ ခြင်းနဲ့ ကျန်းမာရေးမကောင်းခြင်း၊ ရောဂါ အလွယ်တကူ ဝင်ရောက် နိုင်ခြင်းဖြစ်စေတယ်။ ဘဝအစ မွေးဖွားရာမှ ရက်ပေါင်း ၁ဝဝဝ အတွင်း အာဟာရကောင်းကောင်း ရတဲ့ ကလေးတွေမှာ ကျော်လွှားနိုင်ပါ တယ်။ အာ ဟာရပြည့်ဝရင် ကလေးဘဝ အဖြစ် များတဲ့ အသက်အန္တရာယ်ဖြစ်စေတဲ့ ရော ဂါများ ၁၀ ဆ ကျော်လွှားနိုင်တယ်။ ကျောင်း ပ ညာ ရေးမှာပုံမှန်ထက် ငါးဆ ပိုမို လုပ်ဆောင်နိုင်တယ်။

အရွယ်ရောက်တဲ့ အခါ မှာလည်း   ပုံ မှန်ထက် လုပ်ခလစာ ၂ဝရာခိုင် နှုန်း ပိုမိုမြင့်မားရရှိနိုင်တယ်။ ပျော် ရွှင်တဲ့ မိသားစုဘဝ တည်ဆောက် နိုင်တယ်။ လူ့ သက်တမ်း ရှည်နိုင်ပါ တယ်။လူတစ်ဦးရဲ့ အာဟာရအခြေအနေ ဟာ မွေးပြီးချိန်မှစတင်ကာ မိခင်ဝမ်းတွင်း သ န္ဓေ သားဘဝ ကတည်းက စတင်တယ်။ အ စားအစာစားသောက်မှုပုံစံနဲ့ ပတ်သက် လို့ ပညာပေး(သို့) စီမံချက်တွေ ဆောင် ရွက်လို ရင် ကိုယ်ဝန်ဆောင် အချိန်မှ စတင် ဖို့ လို တယ်။ မမွေးမီ ကိုယ်ဝန် ဆောင်ကာ လဟာ သနေÎသားရဲ့ ကြီးထွား ဖွံ့ဖြိုးမှုအ တွက် မိခင်နို့တစ်မျိုး တည်းကို အ သက် ခြောက်လမတိုင်မီတိုက်ကျွေးခြင်း၊ခြောက် လမှ အသက် နှစ်နှစ်အထိ ဖြည့်စွက်စာ ကျွေးခြင်း၊ အသက်နှစ်နှစ်မှ စတင်ကာ လူကြီး စားသောက်သလို ကျွေးမွေးခြင်းတို့ အရေးပါတယ်။

အာဟာရဆိုင်ရာပညာပေး (သို့) စီမံချက်ကို ကလေးအသက် ငါးနှစ် နောက်ပိုင်းမှ ဆောင်ရွက်ရင် မရဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မိခင်များ မီးတွင်း သေဆုံးမှုနှုန်း များပြား နေရာ ကိုယ်ဝန် ဆောင်ကာလမှာ လိုအပ်တဲ့ အာဟာရ ဓာတ်များ ပြည့်ဝစွာ မစားသုံးခြင်းဟာ အ ကြောင်း ရင်းတစ်ခုဖြစ်တယ်။ မြန်မာနိုင်ငံ ရှိ ကိုယ်ဝန်ဆောင်မိခင်တို့ရဲ့ နေ့စဉ်အစာ စားသုံးမှုမှာ အင်အားဖြစ်စေတဲ့ အစာစား သုံးမှုနည်းကာ သံ ဓာတ်၊ ထုံးဓာတ်၊ ဗီတာ မင် ဘီ (၁)၊ ဘီ (၂) နဲ့ နိုင်ယာစင်ဓာတ်တို့ လည်း စားသုံးမှုနည်းကြောင်း တွေ့ရှိရပါ တယ်။ အာဟာရချို့တဲ့တဲ့ ကိုယ်ဝန်ဆောင် တွေ ဟာ ကိုယ်ဝန်ရှိစဉ် ကျန်းမာရွှင်လန်းမှု မ ရှိ ခြင်း၊ကိုယ်ဝန်ပျက်လွယ်ခြင်း၊ကိုယ်ဝန် လမစေ့မီ မွေးဖွားခြင်း၊ မွေးဖွားရာမှာ ခက် ခဲခြင်း၊ မွေးဖွားစဉ် မိခင်သေဆုံးခြင်းစတဲ့ အန္တရာယ်တွေ ရှိတတ်ပါတယ်။

ကိုယ်ဝန်ရှိစဉ် မိခင်ရဲ့သားအိမ်ဟာ သန္ဓေသားအတွက် ကြီးမားကျယ်ပြန့်လာ တယ်။ သန္ဓေသားအတွက် အချင်းကို မိခင် အသွေးအသားမှ တည်ဆောက်ယူကာ အာဟာရဓာတ်ရယူတယ်။ နို့ချိုတိုက် ကျွေးဖို့ ရင်သားကြီးထွားလာတယ်။  မိခင် ရဲ့ သွေးထုထည်ဟာ ကိုယ်ဝန် ဆောင် ကာလ ပိုများလာလို့ သွေးသစ်အတွက် အာဟာရလိုပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံမှာ ကျန်းမာတဲ့မိခင်တို့ ဟာ ကိုယ်ဝန်ဆောင်ကာလ ကိုယ်အလေး ချိန်တိုးတက်မှု ၁၀-၁၂ကီလိုဂရမ် (သို့) ၂၂-၂၆ ့ ၄ ပေါင်အထိရှိတယ်။ မွေးကင်း စကလေးရဲ့ ကိုယ်အလေးချိန်ဟာ သုံးကီ လိုဂရမ် (သို့) ၆့ ၆ ပေါင်ရှိပြီး အဆီပြင် စုဆောင်းမှု ငါးကီလိုဂရမ် (သို့) ၁၁ ပေါင် ရှိတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကိုယ်ဝန် ဆောင်ကိုယ်အလေးချိန်တိုးနှုန်း ၆ .၄ ကီလို ဂရမ် (သို့) ၁၄ ပေါင်သာ ရှိတတ်တယ်။ အချို့နိုင်ငံတွေမှာ ကိုယ် ဝန်ဆောင်မိခင် ကို နေ့စဉ်ဖြည့်စွက် အစာကယ်လိုရီ ၃၅၀ ပိုမိုကျွေးပေးရာ မွေး စကလေးတွေကိုယ် အလေးချိန် များလာကာ ကျန်းမာသန် စွမ်း ကြောင်း တွေ့ ရပါတယ်။ ကိုယ်ဝန်ဆောင်အတွက် လိုအပ်တဲ့ အာဟာရကိုကြည့်ရင် ပထမရက်သတ္တပတ် ၁၂ ပတ်အတွင်း သန္ဓေသား ရဲ့ အာ ဟာရလိုအပ်ချက် မများသေးဘူး။ မူးဝေခြင်း၊အော့အန်ခြင်း၊ ” အစားအသောက် ပျက်ခြင်းကြောင့် ဂရုစိုက်သင့်တယ်။ ကိုယ် ဝန် ဆောင်စဉ် အသွေးအသား တည် ဆောက် ခြင်း၊ ကိုယ်အလေးချိန်ပိုများပြား ခြင်း၊ အဆီပြင်စုဆောင်းခြင်း၊ထို့ကြောင့် နေ့စဉ်ကယ်လိုရီ ၃ဝဝခန့်လိုတယ်။

ဆန်နို့ ဆီဘူးတစ်ဝက် ပိုမို စားသုံးကာ (သို့) ထန်း လျက်နဲ့ မြေပဲ လိုတယ်။ အသားဓာတ် (protein)ဟာ ကိုယ်ဝန် ဆောင်စဉ် ဒုတိယနဲ့ တတိယ ကိုယ်ဝန်သုံး ပတ်မှာ ပရိုတိန်းလိုအပ်ချက် နေ့စဉ်စား သုံးသင့်တာထက် ၁ဝဂရမ်ပို မယ်။ သာမန် အမျိုးသမီးတစ်ဦးက ပရိုတိန်း ၄၀ ဂရမ် နေ့စU်လိုတယ်။ အသား၊ငါး၊ကြက်ဥ၊ ဘဲဥ၊ နို့၊ပဲ အမျိုးမျိုးဖြည့်စွက်ပေးနိုင်တယ်။ ကိုယ်ဝန်ဆောင်စဉ် အဓိကလိုအပ်တဲ့ သတ္တု ဓာတ်တွေဟာ သံဓာတ်နဲ့ ထုံးဓာတ် ဖြစ်တယ်။ သံဓာတ်လိုအပ်ချက်ကို အသား၊ အ သွေး၊အသည်းမှရကာ သံဓာတ် ဖြည့် ပေးနိုင်ရန် အကောင်းဆုံး ဖြစ်တယ်။ အ စိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ ပဲမျိုးစုံမှ သံဓာတ်ကို ရရှိနိုင်ပါတယ်။ ကိုယ်ဝန် ဆောင် စဉ် အထူးလိုအပ်တဲ့ ဗီတာမင်ဟာ ဖောလစ် အက်စစ်( Folic acid)ဖြစ် တယ်။

အသည်း၊ပဲမျိုးစုံ၊ အစိမ်းရောင် ဟင်းရွက် တို့ ဟာ ဖောလစ်အက်စစ်ကြွယ်ဝလို့ ဂရု စိုက် စားသုံးသင့်တယ်။ သာမန် မိန်းက လေး ရဲ့  ထုံး ဓာတ်လိုအပ်ချက်ဟာ ၄ဝဝ-၅ဝဝ မီလီဂရမ်ဖြစ်တယ်။ ပုံမှန်စားသုံးတဲ့ အမျိုး သမီးမှာ ထုံးဓာတ်ပါဝင်မှု ပြည့်ဝခြင်း မရှိ ပါဘူး။ ထုံးဓာတ် ကြွယ်ဝတဲ့ အစာ က နို့၊ ငါး အသေး အစိုု၊အခြောက်၊ ပုစွန်၊ နှမ်း၊ ဒန့် သလွန်ရွက်၊ ဟင်းနုနယ်ရွက်၊ ပေါက် ပန်း ဖြူရွက်တို့ ဖြစ်တယ်။ နို့ တိုက်မိခင်မှာဆိုရင် ကလေး လိုအပ် တဲ့ အာဟာရကို နို့ရည်မှတစ်ဆင့်ရနိုင်လို့ မိခင်ဟာ အစာပိုစားဖို့လိုတယ်။ မိခင်ရဲ့ နေ့ စဉ်အစာမှာ အာဟာရချို့တဲ့မှုများရင် နို့ထွက်နှုန်းလျော့ကာ ကလေးငယ်နို့ချို မတိုက်ကျွေးနိုင်ဘူး၊ ကျန်းမာတဲ့ မိခင်  တစ်ဦးဟာ တစ်နေ့ နို့ ၃၅-၅၀ ကျပ်သား (သို့) ၆ဝဝ-၈ဝဝစီစီထွက်တယ်။ နို့ထွက် စေဖို့ အင်အားဓာတ်ကယ်လိုရီ ၆ဝဝ-၈ဝဝ လိုတယ်။

သကြားဓာတ်နဲ့ အဆီဓာတ်အ သွင်နဲ့ အဓိကပါဝင်တယ်။ ထမင်းနဲ့ သာ ဖြည့်စွက်မယ်ဆိုရင် ဆန်နို့ဆီဘူး တစ်ဝက် ပိုမိုစားသုံးရမှာဖြစ် တယ်။ သရေစာ ထန်း လျက်၊ မြေပဲ၊ ဆီကြော်မုန့် တွေစား ပေးနိုင် တယ်။ ပရိုတိန်းဟာ နို့ ၁ဝဝ စီစီ မှာ ပထမ တန်းစား ပရိုတိန်း ၁ ့ ၂ ဂ ရမ်ပါ ပြီး နို့ ၈ဝဝ စီစီမှာ အသား ၁၀ ဂရမ်ပါဝင်တယ်။ နေ့စဉ် အသား ၁၅ ဂရမ် ပိုမိုစားသုံး ဖို့ လို အပ် ပါ တယ်။ နို့မှာပါဝင်တဲ့ ထုံးဓာတ်လုံ လောက် စွာ ပါရှိအောင် နေ့စဉ်အစာမှာ ပိုမို စားသုံး ရမယ်။ ထုံးဓာတ်ချို့တဲ့ရင် ပိုစားသုံးရမယ်။ မိခင်ရဲ့အစာမှာ အာဟာရ ပြည့်ဝဖို့ မိခင်နို့ မှာ ဗီတာမင်ဒီမှအပ အခြားဗီတာ မင်တွေ လုံလောက်စွာ ပါရပါတယ်။ ဗီတာ မင် ဘီ ဝမ်း ချို့တဲ့ရင် ကလေးမှာ သူငယ်နာ ဘယ် ရီ ဘယ်ရီ (beri beri) ဖြစ်စေနိုင် တယ်။ ဗီတာ မင်ချို့တဲ့ရင် ကြက်မျက်သင့် စေ တယ်။

အာဟာရချို့တဲ့မှုကြောင့်ဖြစ်တဲ့ ပု ညှက်ခြင်းဟာ ကလေးနဲ့ လူကြီးတွေမှာ ရေ ရှည်သက်ရောက်စေပြီး ကာယ၊ ဉာဏ စွမ်းဆောင်ရည်တွေ နိမ့်ပါးခြင်းအပါအဝင် အလုပ်လုပ်နိုင်စွမ်းလျော့ကျခြင်းနဲ့ ကျန်း မာရေးမကောင်းခြင်း၊ရောဂါအလွယ်တကူ ဝင်ရောက်နိုင်ခြင်းတို့ဖြစ်စေ တယ်။ ဘဝအ စ မွေးဖွားသည်မှ ရက်ပေါင်း ၁ဝဝဝ အ တွင်း အာဟာရ ကောင်းကောင်းရတဲ့ က လေးတွေမှပဲ ကျော်လွှားနိုင်မယ်။ အာ ဟာ ရပြည့်ဝရင် ကလေးဘဝအဖြစ်များတဲ့ အသက်အန္တရာယ်ဖြစ်စေတဲ့ရောဂါများ ၁၀ ဆကျော်လွှားနိုင်မယ်။ကျောင်းပညာ ရေး မှာ ပုံမှန်ထက် ငါးဆပိုမိုလုပ်ဆောင်နိုင် တယ်။ အရွယ်ရောက်တဲ့အခါမှာလည်း   ပုံ မှန်ထက် လုပ်ခလစာ ၂၀ ရာခိုင်နှုန်း ပိုမိုမြင့် မားရရှိနိုင်တယ်။ ပျော်ရွှင် တဲ့မိသားစုဘဝ တည်ဆောက်နိုင်တယ်။ လူ့သက်တမ်း ရှည်ရှည်နေနိုင်ပါတယ်။

အာဟာရချို့တဲ့ခြင်း၊ မိခင်အာဟာရ အခြေအနေ ၊ကလေးအာဟာရအခြေအနေ၊ အစားအစာသုံးစွဲမှု ပုံစံ၊တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ပတ် သက်တဲ့အခြေအနေ ကို လည်း သုတေသနလုပ်ဖို့ လိုအပ်နေတုန်း ဖြစ်တယ်။ ဆင်းရဲမွဲတေမှုက အာဟာရချို့ တဲ့မှုအတွက် အဓိကကျတယ် လို့  ကမ္ဘာ့ ဘဏ် (Word Bank) ရဲ့ စစ်တမ်းအရ ဆို တယ်။ “မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ကြောင့် ဖြစ်တဲ့ အာဟာရချို့တဲ့မှုဟာ လွန် ခဲ့တဲ့ ဆယ်စုနှစ်တွေထက် ပိုမိုမြင့်မားနေ တာတွေ့ရတယ်” လို့ Learn အဖွဲ့နဲ့ အာ ဟာရနှင့် ပြည်သူ့ကျန်းမာရေးအတိုင်ပင်ခံ မစ်ဂျီနီဖာကာရှင် (Ms.Jenifer Cashin) က ၂၀၁၆ခုနှစ် မေလ ၁ ရက်နေ့ က ဆို တယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အာဟာရ နဲ့ပတ်သက်ပြီး အဓိကဆောင် ရွက်ရမယ့် အရေးကြီးရောဂါမှာ သံဓာတ်ချို့တဲ့ ခြင်းနဲ့ သွေးအားနည်းရောဂါပဲဖြစ်တယ်။

Add a Comment

Your email address will not be published. Required fields are marked *