ခေါင်းကိုက်တာကို အမြန်ဆုံး ပျောက်ကင်းသက်သာစေမယ့် နည်းလမ်းကောင်း

ချင်း(ဂျင်း)ဟာ ရောင်ရမ်းမှုကို သက်သာစေ နိုင်ပြီး ခေါင်းကိုက်တာကို လည်း သက်သာစေနိုင်ပါ တယ်။ ဦးခေါင်း ထဲက သွေး ကြောတွေကို ပြေလျော့ စေပြီး ဦးနှောက် ရောင်ရမ်းတာကို လျော့ပါး သက်သာ စေနိုင်ပါတယ်။ ရေ နွေထဲကို ချင်း (ဂျင်း) တစ်ပြား ရိုက်ပြီး ဆားနည်း နည်း နဲ့ထည့်လို့ ၁၀ မိနစ်လောက်နှပ်ပြီး သောက် ပေးပါ။ သစ်ကြံပိုးခေါက် -သစ်ကြံပိုးခေါက် က ခေါင်းကိုက်တာကို သက်သာစေတဲ့သဘာ ဝဆေးတစ်မျိုးပေါ့။ အဖျားရှိလို့ ခေါင်း ကိုက်တာတွေအတွက် အကောင်း ဆုံးပါ။ သစ်ကြံပိုးခေါက်ကို အမှုန့်ကြိတ် လိုက်ပါ။ ပြီးရင်ရေနည်း နည်းထည့်ပြီး ခပ်ပျစ်ပျစ် လေးဖျော်လိုက်ပါ။

အနှစ်ဖြစ်လေ  ကောင်း လေပါ။ ပြီးရင်တော့ နဖူးနဲ့ နားထင်တွေမှာလိမ်းပြီး မိနစ် ၃၀ လောက် သက်သောင့် သက်သာလေးလှဲနေပေးပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချ ပေးလိုက်ပါ။ ကွမ်းရွက် -ကွမ်းရွက် လတ်လတ်ဆတ် ဆတ် နှစ်ရွက်၊ သုံး ရွက်လောက်ကို ကြိတ် ခြေ လိုက် ပါ။ ရလာတဲ့အနှစ်ကို နဖူးနဲ့ နား ထင်တို့မှာ လိမ်းပေးလိုက်ပါ။ နာရီဝက် လောက် ထား လိုက်ပါ။ ခေါင်းကိုက် သက် သာသွား ပါလိမ့် မယ်။ဒါမှမဟုတ် ကွမ်းရွက် အရွယ်တော် တစ် ရွက် ဒါမှမဟုတ် နှစ်ရွက်ကို ရေစင် စင် လေးဆေးပြီး ဝါးစားလိုက်ပါ။ခေါင်းကိုက်ရင် သည် နည်း လေး တွေ စမ်းသပ်ကြည့်လိုက်ပါ။

ခေါင်းက မကြာခဏဆိုသလို ကိုက်နေတတ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့ အကြံ ပြုပါရစေ။ ခေါင်းကိုက်တာက တော်တော် များ များကြုံတွေ့ရတတ်တဲ့ ပြဿနာ တစ်ခုပါ။ ခေါင်းကိုက်တာ ဝေဒနာကြီးကြီး မားမားမဟုတ်ပေမဲ့ နေ့စဉ်အလုပ် တွေမှာ တော့ တော် တော်လေးထိခိုက်စေနိုင်ပါ တယ်။ တစ်ခါတလေမှာဆိုရင် ခေါင်း ကိုက်တာကြောင့် နေရထိုင်ရမအီမသာ ဖြစ်တာ၊ အော့အန်တာမျိုးတွေ ထိတောင် ဖြစ်တတ် ပါသေးတယ်။ခေါင်းကိုက်တာကို အ များဆုံး ဖြစ် စေနိုင်တဲ့ အကြောင်း အရင်းတွေကတော့ စိတ်ဖိစီးတာ၊ ဖိအားများ တာ၊အနားမရအောင် အလုပ်တွေ များနေတာ၊နှာစေးနှာပိတ်ဖြစ်နေတာ၊ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစား နေရ တာကြောင့်ပါ။

အိပ်ရေးပျက်တာ၊ရေဓာတ်မလုံလောက်တာတွေကြာင့် ခေါင်းကိုက်ကြတာများပါတယ်။သဘာဝနည်းတွေနဲ့လည်း ခေါင်း ကိုက် တာကို သက်သာအောင်လုပ်လို့ရပါ တယ်။ ဥပမာပြောပြရရင် လက်မနဲ့လက် ညိုး ကြားနေရာလေးကို တစ်မိနစ်လောက် ခပ်ဖွဖွလး ဖိထားတာမျိုး လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ခေါင်းကိုက်တာကို သက်သာစေနိုင်တဲ့လွယ်ကူရိုးစင်းတဲ့နည်းလမ်းတစ်ခုပါ။ လက်ကို တစ်ဖက်ပြီး တစ်ဖက်နှိပ်ပေးပါ။ ရေသောက်ပါ ။ ရေဓာတ်နည်းလာနဲ့ အခါ မျိုးမှာလည်း ခေါင်းကိုက်တတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာပြီဆိုရင် ရေ တစ် ခွက်လောက်သောက်လိုက်ပါနော်။ ရေနဲ့အတူ sport drinks တစ်ခုခုကို တွဲသောက်ပေးလို့ လည်း ရပါတယ်။

Sport drinks မှာပါတဲ့electrolytes ကလည်းခေါင်းကိုက်တာ ကို သက်သာစေနိုင်ပါ တယ်။ ရေခဲဝတ်ကပ်ပေးပါ – ခေါင်းကိုက်ရင် နဖူး ပေါ်ကို ရေခဲဝတ်တင်ပေးပါ။ ဦးခေါင်း ခွံထဲမှာရှိတဲ့ သွေးကြောတွေကို ပြေလျော့ စေပြီး သွေးစီးဆင်းမှုကောင်းမွန် စေတာ ကြောင့် ခေါင်း ကိုက်တာကို သက်သာ စေ မှာပါ။ ရေနွေးဝတ်ကပ်ပေးပါ- လည်ဂုတ်ကို ရေ နွေးဝတ်ကပ်ပေးတာ ခေါင်းကိုက်တာကို သက်သာစေနိုင်ပါ တယ်။ အနွေးဓာတ်က ကြွက်သားတွေကို ပြေလျော့စေတာ ကြောင့် ခေါင်းကိုက်တာကိုသက်သာစေ နိုင်ပါတယ်။ ရေနွေးဝတ်မကပ် ချင်ဘူး ဆိုပါက ရေနွေးနွေးလေးနဲ့ ရေချိုးပေးလို့ ရပါတယ်။

သံပရိုသီး/ သံပရာသီး – သံပရိုသီး၊ သံပရာ သီးတို့က ခေါင်းကိုက်တာကိုသိသိသာ သာ သက်သာစေနိုင်ပါတယ်။ရနံ့ကလန်း ဆန်း စေပြီး အရသာက ခေါင်းကြည်စေနိုင်ပါ တယ်။ ကိုယ်တွင်း acid-alkaline ကို ထိန်း ညှိပေးနိုင်စွမ်းရှိပါတယ်။ ရေခပ်နွေးနွေးထဲကို သံပရိုသီး ဒါမှ မဟုတ် သံပရာသီးတစ်ခြမ်းကို ညှစ်ထည့် ပြီး သောက်သုံးပေးပါ။ ခေါင်းကိုက်တာ သက် သာစေမှာ အသေအချာပါ။ ပန်းသီး -ပန်းသီးရော ပန်းသီးရှာလကာရည်ကပါခေါင်းကိုက်တာကိုသက်သာ စေ နိုင် ပါတယ်။ သည်နှစ်မျိုးစလုံးက ကိုယ် တွင်းacid-alkaline ပမာဏကိုထိန်း ညှိပေးနိုင်စွမ်းရှိပါတယ်။ ခေါင်းကိုက်ကိုက်နဲ့ အိပ်ရာကနေနိုး ထ ခဲ့မယ်ဆိုရင်တော့ ပန်းသီးစိတ်လေးကို ဆားနဲ့တို့စားလိုက်ပါ။

ပြီးရင်တော့ ရေခပ် နွေးနွေးလေး သောက်ချလိုက်နော်။ နောက်တစ်နည်းကတော့ ရေနွေးထဲကို ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း သုံးဇွန်း၊လေးဇွန်းလောက်ထည့်ပြီး ခေါင်း ပေါ်မှာ ပဝါအုပ်လို့ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်ရေနွေးငွေ့ခံပေးပါ။ နောက် ဆုံး တစ်နည်း ကတော့ ရေတစ်ဖန်ခွက် စာထဲကို ပန်းသီးရှာလကာရည် လက်ဖက် ရည်ဇွန်း နှစ် ဇွန်းထည့်ပြီး ပျားရည်နဲ့သံပု ရာ ရည်နည်းနည်းလေးညှစ် လို့ သောက် လိုက် ပါ။ပူစီနံ -ပူစီနံက ခေါင်းကိုက်သက်သာစေ နိုင် ပါတယ်။ ရေနွေးထဲကို အခြောက်ခံ ထားတဲ့ ပူစီနံရွက်နည်းနည်းထည့်ပြီး ၁၀ မိနစ်လောက် နှပ်ထားလိုက်ပါ။ ပြီးရင် ပျားရည်တစ်ဇွန်းစာလောက်ရောထည့်လို့ ဖြည်းဖြည်းချင်းသောက်ပေးပါ။

Add a Comment

Your email address will not be published. Required fields are marked *