ကောင်းကင်ထက်မှာ တာဝန်ထမ်းနေသော လေကြောင်းဝန်ထမ်းများ၏ ကျန်းမာရေးလိုအပ်ချက်များ

လေကြောင်းလိုင်းတွေမှာ လေယာဉ် မောင်၊ လေယာဉ်မယ်တွေဟာ ဝင်ငွေ (လစာငွေ) မြင့်မားကြပေမဲ့  အလုပ်မြဲဖို့ လေကြောင်းခရီး စဉ်မှာ အမြဲလိုက်ပါနိုင် ရေး စိတ်ဖိစီးမှုရှိကြပါတယ်။ အချို့လေ ယာဉ်မှူး (Pilot) တွေ အစုအဖွဲ့ (Crew) အနေနဲ့ရှိနေ တတ်ပြီး အချို့ ကုမ္ဗဏီရဲ့အစီ အစဉ်နဲ့ လုပ် ကိုင်ကြရတာမျိုးရှိတယ်။ မြန်မာနိုင်ငံက လေယာဉ်မှူး (Pilot) တွေက ကျွမ်းကျင်မှုရှိကြလို့ နိုင်ငံခြားခရီး စဉ်တွေက ငှားရမ်းတတ်ကြတယ်။ အခ ကြေးငွေပိုရတတ်ပါတယ်။ ကုန်သွားတဲ့ ငွေကြေးအတွက် လေယာဉ်မောင်းခွင့် ရရှိကြတဲ့အချိန်မှာ လေယာU်ခေါက်ရေ များများ ပျံသန်းနေကြတာ၊ အလုပ်ပိတာ တွေ့ရတယ်။ အနားယူဖို့ လိုအပ်တယ်။

လေကြောင်းဝန်ထမ်းတွေအားလုံး အ ထူးသဖြင့် လေယာဉ်မှူးတွေဟာ လေးလ တစ် ကြိမ် သို့မဟုတ် တစ်နှစ်အနည်းဆုံး တစ် ကြိမ် အ ထွေထွေဆေးစစ်မှုခံယူရပါ မယ်။ ကူးစက်ရောဂါ  (HIV/AIDS) ၊  အ သည်းရောင် ဘီနဲ့ စီ ရောဂါများ ကင်းစင်ရ ပါ မယ်။ အသည်း ရောင် ဘီ ကာကွယ်ဆေး ထိုးနှံဖို့လိုအပ်သလို  အဆုတ် (TB) ရောဂါ နှင့်  အသက်ရှူလမ်းကြောင်း ရောဂါများ ကင်းရှင်းရ ပါမယ်။ ရောဂါ ပျောက် ကင်း သို့မဟုတ် ကုသနေဆဲကို ဘယ်လေ ကြောင်းလိုင်းကမှ မခန့်ပါ ဘူး။ နေ့စဉ် ဗာဟီရအနည်းဆုံး၊ ရေရှည် အလုပ်လုပ် နိုင်မယ့် ရောဂါ မရှိသူများ ခန့်အပ်တာ များ ပါတယ်။

အသက် ၅၀ နှင့်အထက် အရွယ်တွေ မှာ လေကြောင်းရုံး၊ ကုမ္ဗဏီတို့မှာ ပြောင်း လဲ တာဝန်ခန့်ပေးပြီး မိသားစုနှင့် သိုင်း သိုင်း ဝိုင်းဝိုင်းနေ နိုင်ကြတာတွေ့ရပါတယ်။ အ ချို့လည်း ငယ်ရွယ်စဉ်မှာပင် အလုပ် ပြောင်းလုပ်ကာ ဘဝတက်လမ်းရှာကြပါ တယ်။ လေကြောင်းခရီးစဉ်က အချိန် မရွေး မတော်တဆမှုနှင့်ကြုံရနိုင်လို့ စိတ် ဓာတ်မခိုင်ရင် မရွေးချယ်တာ ကောင်းပါ တယ်။ လေကြောင်းဝန်ထမ်းတွေ ရဲ့ကျန်းမာရေး လိုအပ်ချက်တွေရှိပါတယ်။ ပုံမှန်ကျန်း မာ ရေးအခြေအနေရှိရမယ့်အပြင် အမြင့် ကြောက်ရောဂါ ကင်းရပါမယ်။ လေ ကြောင်းဆေးပညာ  အောင်မြင်ဖို့ လိုပါတယ်။ တကယ် အောင်မြင်တဲ့ ပိုင်းလော့ (ဖိလုတ) တွေက လေယာဉ်ပျံသန်းချိန်နာရီနဲ့ တွက်ချက်ဖို့ လိုပါတယ်။

လူတစ်ယောက်ရဲ့ကျန်းမာရေးကို အ နည်းဆုံး ခြောက်လတစ်ကြိမ်စစ်ဆေးဖို့ လိုအပ်ပါတယ်။ လေယာဉ်မောင်း က နေ့စဉ်စစ်ဆေးပေးဖို့ လိုပါတယ်။ လေ ယာဉ်ပျံသန်းမယ့် လေယာဉ်မှူးကို မပျံ သန်းခင် သွေးဖိအားနှင့် နှလုံးသွေးကြော အခြေအနေစစ်ဆေးဖို့ အထူးလိုအပ် တယ်။ ဥပမာ သွေးဖိအားတက်လို့ ကယ်လ်စီယမ်ချန်နယ် ဘလော့ဂါ (Calcium Channel Blocker) ပေးလို့ မရဘူး။ အ မြင့်ရောက်ရင် အောက်ဆီဂျင် ပြတ်လပ်မှု ဦးနှောက်ထဲဖြစ်ပွားနိုင်ပြီး သတိလစ် မေ့ မြောသွားနိုင်တယ်။ ဆေးရဲ့ ဘေးထွက်ဆိုး ကျိုးပဲပေါ့ ။ပိုင်းလော့ရဲ့ အသက်က အသက် ၅၀ ပြည့်ရင် ဘယ်လေကြောင်းလိုင်းမှ မခန့် တော့ဘူး။

အသက်ကြီးတာနဲ့အမျှ စိတ် ဆုံးဖြတ်ချက် မပြတ်သားမှုပိုလာပြီး လေ ကြောင်းမတော်တဆမှု ပိုရလာနိုင်တယ်။ သည်လိုပဲ လေယာဉ် မောင်၊ လေယာဉ်မယ်တွေဟာ လှပကြော့ရှင်းဖို့လိုအပ်သ လို ဘယ်အသက်ကာလအထိ အိမ် ထောင်မပြုရဆိုတဲ့စာချုပ် လက်မှတ်ထိုး ထားတာပါ ပါဝင်တယ်။ ကျန်းမာရေးလိုက် စားမှုလိုအပ်တယ်။ အဝလွန်တာ၊ နှလုံး သွေးကြောရောဂါရတာတွေမဖြစ်ရအောင် စပြီး ဆေး စစ်ဖို့ခေါ်ယူကတည်းက စိတ် ကြိုက်ခေါ်ယူတာပါ။ အချို့လည်း တိတ် တဆိတ်လက်ထပ်ပြီး လုပ်ပါတယ်။ လေယာဉ်မှူးတစ်ယောက်ပေါ် ထွက် ဖို့ ပျံသန်းချိန် နာရီနဲ့သတ်မှတ်တာဖြစ်လို့ ခရီးစဉ်ပျံသန်းလေ့ကျင့်ခြင်းစတဲ့ကုန်ကျ စရိတ်များပါတယ်။

နေ့ စဉ်ကျန်းမာရေးအတွက် နာရီဝက်မှ တစ် နာရီ  အားကစား၊ အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး တစ်ခုခုလုပ်ဖို့ လို အပ် တဲ့အပြင် အိပ်ရေးပျက်ခြင်းမှ ကင်းဝေးရ ပါမယ်။ အိပ်ချင်လို့ဆိုပြီး လေယာဉ်ကို ဒုတိယလေယာဉ်မောင်းကို ပေးကာ အိပ် စက်အနား ယူရတာတော့ ရှိပါတယ်။ အ များအားဖြင့် လေယာဉ်ပျံသန်းချိန်မှာ အ နားမရကြပါ။လေယာဉ်စီးချိန်မှာ တကယ့်ကျန်းမာ ရေးအရေးကြီး တာက လေ ယာဉ်တက်ချိန် နဲ့ ဆင်းချိန်ပဲဖြစ်တယ်။ အမြင့်ကွာခြားမှု တွေက နားအူခြင်း ရစေပြီး ချို ချဉ်သကြားလုံး စားခြင်း၊ ကော်ဖီ သောက် ခြင်းတို့ က နားအူခြင်း သက်သာစေနိုင် တယ်။ လေယာဉ်ခါးပတ် ပတ်ထားဖို့လို အပ်ပြီး အချိန်မရွေး ရာသီဥတုဆိုးရွားမှု ကြုံတွေ့ လာနိုင်တယ်။

လေယာဉ်မတော် တဆမှုတွေမှာ လူ့အမှားက အများဆုံး ဖြစ်ပြီး စက်ပိုင်းဆိုင်ရာ ဒုတိယ၊ ရာသီဥ တုက တတိယအဖြစ် ပါဝင်နေပါတယ်။ လေကြောင်းလိုင်းတွေမှာ ကျွေးမွေး တဲ့အစားအစာတွေက အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) လက်မှတ်ရ ကုမ္ဗဏီမှ ကျွေးမွေး ကြပါတယ်။ အချိန် နာရီအတော်ကြာစီးရတဲ့ခရီးတွေအတွက် လေယာဉ်ပေါ်က  အ စားအစာကို စနစ် တကျစီမံထားတတ်ကြ တယ်။ ထုပ် ပိုး ရက်၊ ကုန်ဆုံးရက်ပါတဲ့အ စားအစာဆိုရင် ပူပင်စရာမလိုပေမဲ့ အသင့်စားခေါက်ဆွဲ ကြော်၊ ကြာဆံကြော်၊ ပေါက်ဆီ၊ ပီဇာတို့ က အချိန် အပြောင်းအ လဲအတွင်း အနံ့ ထွက်တာ၊  အနံ့မကောင်းတာဖြစ်နိုင် တယ်။

အချိုရည်၊  ဘီယာရရှိ နိုင်သလို အချို့လေကြောင်းလိုင်းတွေက မွတ်စလင် ဘာသာဝင်တွေစားလို့ရအောင် ပြင်ဆင် ထားကြတယ်။ အချို့ လေယာဉ်တွေက လုံခြုံရေး ကြောင့် အချိုရည်ဘူး၊ ဘီယာဘူး၊ သံဘူး တွေ ကျွေးမွေးသယ်ဆောင်ခြင်းမပြုပါ ဘူး။ အချို့ အရက်နှင့်အဖျော် ယမကာခွင့် မပြုသလို ဆေးလိပ်သောက်ခြင်းလည်း ခွင့်မပြုတော့ပါဘူး။ ပုံမှန်လေကြောင်း လိုင်းတွေမှာ အလုပ်ပိုလာတာက ကလေး ငယ် တွေပါလာရင်၊ မွေးခါနီးမိခင်နဲ့ အ သက်ရွယ်ကြီးသူခရီးသည်တွေ၊ လူနာ တွေပါလာရင် ရုတ်တရက်အသက်ရှူရပ် ခြင်းမဖြစ်ရအောင် ရှေး ဦးသူနာပြုစုနည်း သိရှိလုပ်ကိုင်တတ်ဖို့ လိုတယ်။

များသော အားဖြင့် လူနာတွေတင်ဆောင်မည်ဆိုပါ က သက်ဆိုင်ရာလေယာဉ်ကွင်းမှ လေ ယာဉ်ခရီးစဉ်ခံနိုင်ရည် (fit) ရှိမှသာ တင် ဆောင် ခွင့်ရှိပါတယ်။ အချို့လည်း အရေး ပေါ် အသက်ကယ်ဆေးများ၊ သူနာပြု၊ ဆရာဝန်တွေနဲ့ အကျပ်အတည်းကြားမှ ရအောင် တင်ဆောင်တာ တချို့ရှိပါတယ်။ ဆိုက်ရောက်မြို့မှာ အရေးပေါ်ယာဉ် (Ambulance) ပါ ချိတ်ဆက်ထားနိုင်မှ သာ တင်ဆောင်သင့်ပါတယ်။ လေယာဉ်ဝန် ထမ်း လေယာဉ်မယ် တွေအနေနဲ့ လေယာဉ်အရေးပေါ်ဝတ်စုံ ဝတ်ဆင်ခြင်း၊ အသက်ရှူမဝဖြစ်လာပါက အောက်ဆီဂျင်စတဲ့ အရေးပေါ်ကု သနည်း တွေ တတ်မြောက်ထားရမယ့်အပြင် ခရီး သည်တွေ ဝတ်ဆင်ပုံသရုပ်ပြပေးကြပါ တယ်။

ပြည်တွင်းခရီးနဲ့ခရီးတိုအတွက် ဒေသန္တရဘာသာစကားပြောနိုင်ပေမဲ့ နိုင် ငံတကာလေကြောင်းလိုင်းတွေအတွက် ဆိုရင် ဘာသာစကား အနိမ့်ဆုံး သုံးမျိုး လောက် တတ်ထားဖို့လိုပါတယ်။ အရက် မူး သွေးဆိုးတတ်တဲ့ခရီးသည်တွေကို သည်းခံစောင့်ရှောက်ဖို့လိုအပ်သလို အ သက်ရှူမဝဒဏ် ခံရနိုင်တဲ့ နာတာရှည် အသက်ရှူလမ်း ကြောင်းရောဂါရှိ လူနာ တွေနဲ့ ကလေးငယ် တွေ၊ ကိုယ်ဝန်ဆောင် တွေ၊ လူနာတွေ မတော်တဆမဖြစ်စေ ရပါ။ ကိုယ်ဝန်သည်များ ကိုးလအောက် ဖြစ် စေရပါမယ်။ ဆရာဝန်၏ ဆေးစာက အ ရေးကြီးပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *