အာရုံကြောအားဆေးဟု သိမြင်ထားကြသော ဗီတာမင်ဘီအကြောင်း တစေ့တစောင်း

Vit B1 သိုင်ယာမင်း က ခန္ဓာကိုယ် ဇီဝဖြစ်စဥ်တွေမှာ မရှိမဖြစ်တဲ့ ဓာတ်ပစ္စည်းပါပဲ။ အဓိကအားဖြင့် စားလိုက်တဲ့ အစာအာဟာရကနေ စွမ်းအင်အဖြစ် ပြောင်းလဲထုတ်လုပ်ရာမှာ ကူညီပေးတာပါ။ ဝက်သား၊ နေကြာစေ့နဲ့ နှံစားသီးနှံတွေမှာ သဘာဝ သိုင်ယာမင်းဓာတ် ကြွယ်ဝ စွာ ပါဝင်ပါတယ်။ Vit B2  ရိုင်ဘိုဖလေဗင် ကလည်း သိုင်ယာမင်းလိုပဲ ခန္ဓာကိုယ် ဇီဝဖြစ်စဥ်တွေမှာ အကူအညီပေးပါတယ်။ ဒါ့အပြင် သူ့မှာ ဓာတ်တိုးဆန့်ကျင်တဲ့သဘောသတ္တိရှိတာမို့ အရွယ်တင်စေတယ်။ အာရုံကြောဆဲလ်တွေရဲ့ သက်တမ်းကိုရှည်စေမယ်။ ကိုယ်တွင်း ဇီဝအ ဆိပ်အတောက်မဖြစ်အောင် ဟန့်တားပေးနိုင်တယ်။ သူ့ကိုတော့ ကလီစာ ၊ မှိုအမျိုးမျိုးနဲ့ အမဲသား မှာ သဘာဝ အတိုင်း ကြွယ်ဝစွာ တွေ့ရပါတယ်။

Vit B3  နိုင်အာဆင် ကတော့ ဆဲလ်တွေအချင်းချင်းချိတ်ဆက်ရေးအတွက်၊ ဇီဝဖြစ်စဥ်တွေ ပုံမှန်လည်ပတ်နေဖို့အတွက် အရေးပါတဲ့အပြင် ခန္ဓာကိုယ်ရဲ့ အခြေခံအကျဆုံး DNA/ RNA စတဲ့ ဗီဇဒြပ်စုတွေ ထုတ်လုပ်တဲ့နေရာမှာလည်း ပါဝင်ကူညီပေးပါတယ်။ အသားဖြူစေတဲ့ ဂုဏ်သတ္တိရှိတာကြောင့် အလှအပရေးရာ ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုလေ့ရှိတာတွေ့ရပါတယ်။ ပဲနီလေး၊ တူနာငါးနဲ့ အသည်းအ မြစ်တွေမှာ နိုင်အာဆင်ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ Vit B5 ပန်တိုသန်းနစ် အက်စစ် ကလည်း အပေါ်က တခြား ဗီတာမင် ဘီ တွေလိုပဲ ခန္ဓာကိုယ် ဇီဝဖြစ်စဥ်တွေမှာ အကူအညီပေးပါတယ်။  သူက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဟော်မုန်းဓာတ်တွေ နဲ့ အဆီဓာတ်တွေ ထုတ် လုပ်ရာမှာ အခရာကျပါတယ်။

အသည်းအမြစ်၊ ငါး၊ ဒိန်ချဉ် နဲ့ထောပတ်သီး များများစားပေးရင် ပန်တိုသန်းနစ်အက်စစ် ဓာတ်ကို သဘာဝအတိုင်းရနိုင်ပါတယ်။ Vit B6 ပိုင်ရီဒေါက်ဇင်း ကတော့ ခန္ဓာကိုယ်အတွက် အသားဓာတ်၊ သွေးနီဥနဲ့ အာရုံကြောဆက်သွယ်ရေးဟော်မုန်းဓာတ်တွေ ထုတ်လုပ်တဲ့နေရာ မှာ ပါဝင်ကူညီပေးပါတယ်။ စားတော်ပဲ ၊ ဆော်လ်မွန်ငါးနဲ့ အာလူးတွေစားပေးရင် ကို ဆေးသောက်စရာမလိုဘဲ ပိုင်ရီဒေါက်ဆင်းဓာတ် ရနေမှာပါ။ Vit B7 ဘိုင်အိုတင်ကတော့ ကစီနဲ့ အဆီ ချေဖျက်စုပ်ယူအသုံးချရေး ဇီဝဖြစ်စဥ်အတွက် မရှိမဖြစ် လိုတဲ့ အပြင် ကိုယ်တွင်းမျိုး ရိုးဗီဇပုံဖော်ရေး လုပ်ငန်းကိုလည်း ထိန်းညှိပေးပါသေးတယ်။

အချဥ်ဖောက်ထားတဲ့ အစားအစာတွေ၊ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေ၊ ဆော်လ်မွန်ငါးနဲ့ အသည်းအမြစ်တွေမှာ ကြွယ်ဝစွာတွေ့နိုင်ပါ တယ်။ Vit B9 ဖောလစ်အက်စစ် ကိုတော့ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ ကြီးထွားသန်မာဖို့နဲ့ ကြွက်သားတည်ဆောက်ရေး၊ သွေးဆဲလ် တည် ဆောက်ရေး ဇီဝဖြစ်စဥ်တွေအတွက်လိုပါတယ်။ သူ့ကိုတော့ အရွက်စိမ်းတွေနဲ့ ပဲတွေမှာ တွေ့ရပါတယ်။ Vit B12 အများအခေါ်B12 လို့ လူသိများတဲ့ ကိုဘယ်လမင်းကတော့ အာရုံကြောအဖွဲ့အစည်းတစ်ခုလုံးအတွက် မရှိမဖြစ်အလိုအပ်ဆုံး ဇာတ်လိုက်ပါပဲ။ သွေးနီဥ ထုတ် လုပ်ဖို ရော၊ DNA/ RNA စတဲ့ ဗီဇဒြပ်စုတွေ ထုတ်လုပ်ပြုပြင်ရာမှာရော အရေးအပါဆုံး ဗီတာမင်ဘီအုပ်စုဝင်ပါ။

သူ့ထူးခြားချက်က သက်သက်လွတ်အစားအစာတွေမှာ သူ့ကို မတွေ့နိုင်တာပါပဲ။ အသား၊ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေမှာပဲ တွေ့နိုင်တဲ့ အတွက် သတ်သတ်လွတ်သမားတွေ အနေနဲ့ B12ကိုအမြဲ ဖြည့်စွက်သောက်သုံးသင့်ပါတယ်။ ( cobalamin ကို Methylcobalamin ခေါ် သဘာဝ အတိုင်းတွေ့ရတဲ့ပုံစံနဲ့ Cyanocobalamin ခေါ် လူတို့ဓာတ်ခွဲထုတ်လုပ်ထားတဲ့ပုံစံ ဆိုပြီး နှစ်မျိုးရှိပါသေးတယ်။ ဘယ်လိုကွာခြား တယ်ဆိုတာ နောက်မှ အသေးစိတ်ရေးပေးပါမယ်) အာရုံကြောအားဆေးအများစုကတော့ ဒီဓာတ်တွေ အကုန်မထည့်ပါဘူး။ B1 B6 နဲ့ B12 လောက်ပဲပါတာများပါတယ်။

ဗီတာမင် ဘီ အုပ်စုဝင်တွေက အဆီမှာ မပျော်ဘဲ ရေမှာပဲပျော်ဝင်တဲ့သတ္တိရှိတာကြောင့် ခန္ဓာကိုယ်က သိုလှောင်မထားနိုင်ပါဘူး။ ဆိုလိုတာ က သာမန်လူ တစ်ယောက်အနေနဲ့ အပေါ်မှာပြောခဲ့တဲ့ အစားအစာတွေကို နေ့စဥ် ထမင်းဝိုင်းမှာပါအောင် သတိထားစားသွားပေးမယ် ဆိုရင် နေ့စဥ်လိုအပ်တဲ့ ဗီတာမင် ဘီ အုပ်စု ပမာဏကို လုံလုံလောက်လောက်ရနေမှာမို့ ထပ်ဖြည်သောက်စရာ မလိုလှပါဘူး။ ဒီနေ့ခေတ် သက်လက်ပိုင်းနဲ့ သက်ကြီးပိုင်းတွေမှာ အာရုံကြောအားဆေး အတော်ခေတ်စားနေတာ တွေ့ရပါတယ်။ ညောင်းလို့၊ ခြေလက်တွေ ထုံလေး လံပြီး မသယ်ချင်သလိုဖြစ်လို့၊ မှတ်ဉာဏ်တွေ လျော့လာလို့ စတဲ့ အကြောင်းအမျိုးမျိုးနဲ့ ကိုယ့်သဘောနဲ့ကိုယ်ပဲ ဖြစ်ဖြစ်၊ ဆရာဝန်ညွှန်လို့ပဲ ဖြစ်ဖြစ် အာရုံကြောအားဆေး ဆိုပြီး ဝယ်သောက်နေကြတာပါပဲ။

Vitamin B complex ဗီတာမင် ဘီ အုပ်စုအပေါင်း အမျိုးအစား အာရုံကြောအားဆေး ကတော့ အသုံးအများဆုံးပဲ။ အာရုံကြောအားဆေး ပေးပါလို့ ပြောရင် ဆေးဆိုင်တွေ အရင်ဆုံးထုတ်ပေးမယ့်ဆေးက သည်ဆေးပါပဲ။ အဲ့လောက်ထိကို အလွယ်တကူဝယ်သောက်လို့ ရနေတာ ပါ။ တကယ်တော့ သူက အာရုံကြောအားဆေး သက်သက်မဟုတ်ပါဘူး။ သူ့မှာ ဘာတွေပါပြီး ဘာအတွက်ကောင်းလဲ။ ဘယ်လိုလူမျိုးတွေ မဖြစ်မနေသောက်သင့်သလဲ ဆိုတာမျိုးကျ သေချာသိတဲ့လူ နည်းမယ်ထင်လို့ သေချာစုစည်းဖော်ပြပေးလိုက်ပါတယ်။ ဒါပေမဲ့ တချို့သော အခြေအနေတွေမှာ ခန္ဓာကိုယ်က ဗီတာမင် ဘီ အုပ်စုကို သာမန်ထက် ပိုလိုအပ်နေတတ်ပါတယ်။

ကိုယ်ထဲမှာ နိုင်အာဆင်ဓာတ် (B3) တအားများလာရင် အန်တာ၊ သွေးတွင်းအချိုဓာတ်များလာတာ၊ အသားအရေ နီစပ်ဖျဥ်း ဖြစ်လာတာ မျိုးကနေ အသည်းထိခိုက်သည်အထိ ဖြစ်နိုင်ပါသတဲ့။ ပိုင်ရီဒေါက်ဇင်း( B6 ) သိပ်များလာရင်တော့ အာရုံကြောထိခိုက်တာ၊ အလင်းရောင် ကို မခံနိုင်တာ နဲ့ အရေပြားရောင်ရမ်းနာတွေထိဖြစ်နိုင်ပါသတဲ့။ ဆိုးကျိုးဖြစ်စေတဲ့ ပမာဏက အဆမတန်များမှသာဖြစ်နိုင်တာမို့ အရမ်းစိုး ရိမ်ဖို့တော့ မလိုကြောင်း၊ ဗီတာမင်ဘီ ချို့တဲ့တာကသာ အဖြစ်များတာမို့ စိုးရိမ်သင့်ကြောင်းကိုလည်း သတိပေးလိုပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *