အမျိုးသမီးများနှင့် ဆံပင်ဖြောင့်ခြင်းအကြောင်း သိမှတ်စရာများ

စျေးကြီးပေးဖြောင့်ပြီးမှတော့ တာရှည်ခံအောင်နဲ့ ဆံသားမပျက်စီးအောင် ဆောင်ရန်၊ ရှောင်ရန်တွေကို လေ့လာပါ။ ဆံပင် ဖြောင့် ပေါင်း တင်တာမျိုးအတွက် အိပ်ထဲက ပိုက်ဆံမထွက်ခင် သိထားတာ မမှားပါဘူးနော်။ ဆံပင်ဖြောင့်တာနဲ့ ပတ်သက် ပြီး ဆောင်ရန် များကတော့ နေ့စဉ်အစားအစာထဲမှာ ရေဓာတ်များများ ပါပါ စေ။ ကိုယ် နဲ့ အသင့်တော်ဆုံး ဖြစ်မယ့် ခေါင်းလျှော်ရည်နဲ့ ဆံ ပင်ပြုပြင်ဆေး ရည်ကို အမြဲ တမ်း သုံးပါ။ ဖြောင့်ထားတဲ့ဆံသားအတွက် သီးသန့် ပစ္စည်းတွေရှိတာမို့ ဘာသုံးသင့်တယ်ဆိုတာ ဆံသဆရာ ကို မေးဖို့ သတိရပါ။ အပူပေး ခံထားရတဲ့ဆံသားအတွက် တစ်လကို တစ်ကြိမ် ပေါင်းတင်ပေးပါ။ ဖြောင့်စက်ကို မလိုအပ်ဘဲ ခဏခဏ ပြန်ဆွဲတာမျိုးမလုပ်ပါနဲ့။

ဆံပင်ပြုပြင်ပေါင်းတင်ပြီးနောက် အနည်းဆုံး သုံးရက် ဆံပင်ရေစိုမခံရပါဘူး။သင့်ဆံပင်ကို နားအနောက်ဘက် သိမ်းတာမျိုး မလုပ်ပါနဲ့ ။ စိုနေတဲ့ သင့်ဆံပင်ကို တာဝါအုပ်ပြီး လိမ်ညှစ်တာမျိုး ရှောင်ပါ။ ခေါင်းလျှော်ရည်သုံးပြီး လျှော်နေတုန်း ခေါင်းကို အရမ်းကုတ်ပြီးလျှော်တာ မျိုး ရှောင်ပါ။ တစ်ကြိမ်လေး ဆံပင်ဖြောင့်တာတင် ဆံသားပျက်စီးမှုကို အကြီးအကျယ် ဖြစ်စေနိုင်ပါတယ်၊ ဒါကြောင့် ထပ်ခါထပ်ခါ မလုပ် ပါနဲ့။ တခါတလေ ဆံပင်ဖြောင့်တာက အဆင်ပြေပါတယ်၊ ဒါပေမဲ့ အမြဲလုပ်ရင် နောက်ဆက်တွဲဆိုးကျိုး အများကြီး ရှိလာနိုင်လို့ အားမပေး ပါဘူး။ ဆံပင်ဖြောင့်တာလည်း ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။

ဓာတုပစ္စည်းနဲ့ ဓာတ်မတည့်ခြင်း၊ ခေါင်းမူးခြင်း၊ တစ်သက်တာ ဆံပင်ထိခိုက်ပျက်စီးခြင်း၊ ဦးရေပြားခြောက်သွေ့ခြင်း၊ အရေပြား စပ်ဖျဉ်း ဖျဉ်းဖြစ်ခြင်း၊ ယားယံခြင်းနဲ့ ဓာတုပစ္စည်းကြောင့် အပြင်းအထန် အပူလောင်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးမျိုးပါ။ ဆံပင်ဖြောင့်ဖို့အတွက် ကမ္ဘာအနှံ့ တူညီတဲ့ နည်းလမ်းကို သုံးပြီးလုပ်နေပေမဲ့ ဆံပင်အမျိုးအစားက လူမျိုး၊ လူမျိုးစုနဲ့ နေထိုင်ရာ နေရာဒေသနဲ့ လိုက်ပြီးကွာတာမို့ ဆံပင်ဖြောင့်တဲ့အခါ ဆံပင်အလှအပရေးရာ ထုတ်ကုန်ပစ္စည်းအမျိုးအစား အမျိုးမျိုးကို လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင် လုပ် တာထက် ကျွမ်းကျင်ပညာရှင်တစ်ယောက်က ဆံသဆိုင်မှာ လုပ်ပေးတာမျိုးက အမြဲတမ်း ပိုကောင်းပါတယ်။

အမျိုးသမီးတစ်ယောက်ရဲ့ ဆံကေသာ အလှ ဟာ နဂိုကောင်းတာကြောင့်ဆိုတာထက် ဆံပင်ကို သူဘယ်လိုစောင့်ရှောက်ပေးသလဲ ဆိုတာ နဲ့ ပိုသက်ဆိုင်ပါတယ်။ ဆံပင်ဆိုတာ ဘာအရေးကြီးလို့လဲ ဆိုသူတွေကိုပြောချင်တာက ဆံပင်ဟာ လူတစ်ယောက်အတွက်တော့ ဒုတိယ မျက်နှာပါပဲ။ ဆံကေသာ အလှ လို့ဆိုတဲ့နေရာမှာ ဆံသားရဲ့ ကျန်းမာသန်စွမ်းလှပမှု အပြင် ဆံပင်ပုံစံကိုလည်း ထည့်စဉ်းစားကြရပါတယ်။ ကမ္ဘာအနှံ့က တချို့သောအမျိုးသမီးတွေက လှပသန်စွမ်းပြီး နူးညံ့တဲ့ ဆံပင် အပြင် သူတို့နဲ့ လိုက်ဖက်မယ်ထင်တဲ့ ရှည်ပြီးဖြောင့်တဲ့ ဆံပင် ရဖို့ စိတ်ကူးယဉ်ကြပါတယ်။ ဘာကြောင့် ဆံပင်အဖြောင့်ကို ကြိုက်တာလဲ ကြည့်ကြည့်ရအောင်။

အမျိုးသမီးတွေက ဆံပင်ပုံစံအမျိုးမျိုးနဲ့ မွေးဖွားလာကြတာပါ။ အကောက်၊ လှိုင်းတွန့်၊ အရှည်၊ အတို အစုံပေါ့။ ဒါပေမဲ့ တချို့အမျိုးသမီး တွေရဲ့အဆိုအရ ဆံပင်အဖြောင့်ထက် ကောင်းတာ မရှိဘူးတဲ့။ ဒီကမ္ဘာပေါ်မှာ ကိုယ်လိုချင်တဲ့ ဆံပင်အဖြောင့်ကို ရဖို့ဆို ဘာမဆိုလုပ်မယ့် အမျိုးသမီးတွေ ရှိနေပါတယ်တဲ့။ နည်းလမ်းတွေအများကြီးထဲက တစ်ခုက ဆံပင်ဖြောင့်ခြင်းပါ။ အဲဒီနည်းလမ်းက ၁၉၈၀ လောက်ထဲကက တည်းက အသုံးပြုနေတာပါ။ ဖြောင့်စင်းတောက်ပတဲ့ ဆံပင်ပုံစံရဖို့ ဆံပင်ကို ပိပြားအောင်လုပ်ပြီး ဆွဲဖြောင့်ပစ်လိုက်တာပါပဲ။ ဆံပင်ဖြောင့် တဲ့နေရာမှာ ယာယီအဖြောင့် (သို့) တာရှည်ခံအဖြောင့်ဆိုပြီး အမျိုးအစားနှစ်မျိုး ရှိနိုင်ပါတယ်။

ဆံပင်ဖြောင့်ရာမှာ သုံးတဲ့ ဖြောင့်စက် (သို့) ဆံပင်ဖြောင့်ဆေး သုံးပြီး ယာယီဆံပင်ဖြောင့်နိုင်ပြီး အများအားဖြင့် ခေါင်းထပ်မလျှော်ခင်ထိ ခံပါတယ်။ တာရှည်ခံ ဆံပင်ဖြောင့်နေစေဖို့ ဆံပင်ဖြောင့်ဆေးတို့နဲ့အတူ dye နဲ့ အခြားဓာတုပစ္စည်းတွေ အသုံးပြုဖို့ လိုအပ်ပါတယ်။ မှန်မှန် ကန်ကန် ဂရုစိုက်ရင် တာရှည်ခံ ဆံပင်ဖြောင့်ခြင်းက တစ်နှစ်အထိ အသာလေး ခံပါတယ်။ ဆံပင်ဖြောင့်နည်း ကို အကြမ်းဖျဉ်းလေး သိထား အောင် ပြောပြပါမယ်။ ဆံပင်ကို လျှော်ပြီး ခြောက်အောင် မူတ်ပါ သုတ်ပါ။ တချို့ဆေးတွေ ကတော့ဆံပင်ကိုအစိုစာတ်၅၀% လောက်ထိပဲ ခြောက်အောင်မူတ်ရပါတယ်။ ပုံသေနည်းနဲလုပ်လို့မရပါဘူး။

ဖြောင့်ဆေး မလိမ်းခင် နှာဖူး၊ ဂုတ်၊ နားရွက် နောက်ဘက် ၊ နားထင် စတဲ့ဆံပင်ထိနိုင်တဲ့ နေရာကို ဗေ့စလင်းလို pactrolium gel တစ်ခုခုနဲ့ သုတ်လိမ်းပေးပါ။ ဖယောင်း သွင်းဆီ ၊ တန်ဆီ ၊ ဖြောင့်စက်၊ဆံပင်ပေါင်းဆေး 100% ဒီလောက်ဆိုရင်ဆံပင်ဖြောင့်ဖို့အတွက်လုံလောက် ပါ ပြီ။ဆံပင်ဖြောင့်ဆေး relaxer ဟာ ပြင်းတော့ အသားတွေ လောင်မှာ ကိုကာကွယ်တဲ့သဘောပါ။ ဆံပင်ကို အလွှာလိုက် သေချာခွဲဖီးပြီး ဖြောင့်ဆေးကို အလွှာလိုက် သုတ်လိမ်းပေးပါ။ နည်းနည်းမြန်မြန်လေး လုပ်ရပါမယ်။ ဦးရည်ပြား နှင့် တိုက်ရိုက်မထိအောင် နည်းနည်း လေးနေရာ ချန်ပြီးဆံပင် အနှံ သုတ် လိမ်း ပေးရပါမယ်။

နေရာ အနှ ံ ဖြောင့်ဆေးသုတ်ပြီးပြီဆို ရင်တော့၁၀မိနစ်မှ ၃၀မိနစ် လောက်ခဏထားပါ။ဖြောင့်ဆေးဟာ ဆံပင်ရဲ့အလည်ပိုင်း cortex layer မှာ အလုပ်လုပ်နေပါပြီ။ ဖြောင့်ဆေးရဲ့label ကိုသေချာဖတ်ပါ။ ပိုဖြောင့်ချင်တယ်ဆိုပြီး သတ်မှတ်ထားတဲ့ မိနစ်ထက် ပိုထားရင် ဆံပင်တွေ ဆွေးပြီး ပြတ်ကျတတ်ပါတယ်။ ဖြောင်ဆးထည့်ပြီး သက်မှတ်အချိန်ပြည့်တဲ့အထိ ထိုင်စောင့်မနေပါနဲ့ (ခေါင်းနဲ့လက်ကို) မကွာပါစေနဲ့။ ပြစ်မထားပါနဲ့ တစ်လွှာခြင်းဘီနဲ့ဖီးပြီး လိုအပ်တဲ့နေရာ ဆေးထည့်ထက်သင့်ရင်ထည့်ပါ ။ဆံသားကတစ်ယောက်နဲ့တစ် ယောက်မတူသလို ကိုရဲ့ခေါင်းမှာရှိတဲ့ဆံပင်ဟာလဲတစ်နေရာနဲ့တစ်နေရာမတူပါဘူး။ ဆေးဝင်တာလဲမတူပါဘူး။

ဒါကြောင့် (ခေါင်းနှင့်လက်)ကိုမခွာထားခိုင်းတာပါ။ ဖြောင့်ဆေးစထည့်သည့်အချိန်ကစပြီး ဆေးဝင်လိုလျော်လို့ ရပြီဆိုတဲ့အထိ (ခေါင်းနင့် လက်)ကိုမကွာထားပေးပါ။ ဒီလိုလုပ်ရလို့ ရရှိတဲ့အကျိုးကျေးဇူးတွေကတော့ အချိန်အကြားကြီးထားစရာမလိုဘူး၁နာရီထားရမဲ့ အချိန်ဟာ မိနစ်၄၀လောက်ဆိုရပြီ တစ်လွှာခြင်းဘီးနဲ့ဖီးပေး တဲ့အတွက် ဆေးမကွပ်ဘူး ဆေးမပုံဘူး ဦရေပြားဆေးမထိတဲ့ အတွက်ဆံပင်တွေ ပြတ် ကျမှာ အကွပ်လိုက်ဖွာကုန်မှာပူစရာ မလိုတော့ဘူး။ customersအနားမှာအချိန်များစွာ နေရတဲ့အတွက် customersတွေနဲ့ စကားပြောလို ရတယ်။ ရင်းနီးမူ့ရလိုဆိုင်အတွက်များစွာထိရောက်မူရှိတယ် ဖက်ပြီးသွားရင်လိုအပ်တာရှိရင်Commentမှာအကြံပေးလိုရပါတယ်

Add a Comment

Your email address will not be published. Required fields are marked *