ကျောင်းနေအရွယ်ကလေးများတွင် ဖြစ်ပွားတတ်သော သွားနှင့်ခံတွင်းရောဂါအကြောင်း

ကလေးတွေ အချိန်မတိုင်မီ သွားကျိုးခြင်း၊ သွားကျွတ်ခြင်းဖြစ်တတ်တာ ကြောင့် စကားပြောရာမှာ အခက်အခဲဖြစ်စေနိုင်တယ်။ ရှေ့သွား ကျိုးခြင်းက ပိုဆိုးစေတယ်။ အချိန်မကျမီ ကလေးသွားတွေ ကျိုးကုန်လို့ အခြားအရေးမကြီးတဲ့ ပြစ်ချက်အရ အပေါ်မေးရိုးနဲ့ အောက်မေး ရိုးတို့ နဂိုရှိသင့်တဲ့အကွာအဝေးထက် လျော့နည်းခြင်းဖြစ်စေတယ်။ အမှန်က အပေါ်မေးရိုးနဲ့ အောက်မေးရိုးတို့ဟာ သွားတွေရှိနေရင် တစ် ခုနဲ့တစ်ခုနီးကပ်ခြင်းမရှိ။ သင့်တင့်တဲ့ အကွာအဝေးမှာ ရှိနေပါ တယ်။ကလေးသွားတွေ စတင်ကျိုးတဲ့အချိန်မှာ သွားဖုံးအတွင်းက လူကြီးပ ထမ အံသွားတွေ စတင်ထွက်လာလို့ မေးရိုးနှစ်ခုအတွင်း ရှိသင့်တဲ့အကွာအဝေးကို ကလေးအံသွားတွေက ထိန်းထားပေးတယ်။

နဂိုကျိုးသင့်တဲ့အချိန်ထက် ယင်းကလေးအံသွား စောပြီးကျိုး၊ သို့မဟုတ် နောက်ကျပြီးကျိုးရင် မေးရိုးနှစ်ခုကြားမှာ ရှိသင့်တဲ့အကွာအဝေး ကို ပိုလျော့နည်းစေနိုင်ကာ ယင်းကလေးမှာ လူကြီးသွား အားလုံးပေါင်းတဲ့တိုင် ယင်းချွတ်ယွင်းချက်ကို ပြင်နိုင်မှာမဟုတ်လို့ ငယ်သွားတွေ ဂရုစိုက်ဖို့ လိုအပ်လာပါတယ်။သွားတွေရဲ့ အလုပ်တာဝန်ကိုကြည့်ရင် ရှေ့သွားက ကတ်ကြေးသဖွယ် အစာကို ကိုက်ဖြတ်ပေးတယ်။ အစွယ်သွားတွေက အစာကို လက်နဲ့ ဖြဲသလို ပြုလုပ်ပေးတယ်။ အံသွားငယ်တွေက အစာကိုကိုက်ဖြဲခြင်း၊ အစာကိုကွမ်းညှပ်သဖွယ် ကိုက်ခြေခြင်းပြုလုပ်ပေးပါတယ်။ အံသွားတွေကအစာကို ကြိတ်စက်သဖွယ် ခြေ ပေးတယ်။

သွားရဲ့ အရေးကြီးဆုံး လှုပ်ရှားမှုက အစာကိုကြိတ်ခွဲဖို့ပဲဖြစ်ပြီး အစာကြေညက်စေဖို့ လုပ်ငန်းပြေပြစ်ဖို့ လိုတယ်။ သွားရဲ့ ပုံလေ့လာကြည့် ရင် ယင်းတို့ ပုံသဏ္ဍာန်နဲ့ ယင်းတို့ရဲ့ လုပ်ငန်းတာဝန်တွေက ကိုက်ဖြတ်ခြင်း၊ ဆုတ်ဖြဲခြင်း၊ ခြေခြင်းနဲ့ ထုခြေခြင်းဆက်စပ်နေတယ်။ သွား တွေရဲ့ နောက်ဆက်တွဲလှုပ်ရှားမှုမှာ စကားပြောရာမှာ ကူညီခြင်း၊ မျက်နှာအမူအရာပြောင်းရာမှာ ကူညီခြင်းနဲ့ ပါး၊ နှုတ်ခမ်းတို့ကို ပုံမှန်နေ ရာမှာရှိစေခြင်းက မျက်နှာအမူအရာကို ထိန်းသိမ်းပေးရာရောက်ပါတယ်။ ကျောင်းနေအရွယ်ငါးနှစ်မှ ၁၅ နှစ်အတွင်း ကလေးတွေမှာ သွား ရောဂါဖြစ်ပွားမှုနှုန်း ၄၅-၆၅ ရာခိုင်နှုန်းရှိပြီး နှစ်စဉ်ကျောင်းကျန်းမာရေးအဖွဲ့စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

သွားနှင့်ခံတွင်းသန့်ရှင်းရေးအတွက် တစ်နေ့အနည်းဆုံးနှစ်ကြိမ် နံနက်အိပ်ရာထနဲ့ အိပ်ရာဝင်ခါနီးမှာ ဖလို ရွိုက်ပါသော သွားတိုက်ဆေးနဲ့ တိုက်ရမယ်။ သွားတွေသန့်ရှင်းမှုရှိမရှိ၊ သွားပိုးစားရောဂါ၊  သွားဖုံးရောင်ရောဂါ၊ ရေစီးကမ်းပြိုရောဂါ စတာတွေဟာ ကျောင်းသားတွေအ ပေါ် အထူးဦးစားပေး စစ်ဆေးနိုင်ရေး ဆရာ ဆရာမတို့ ဂရုစိုက်သင့်တယ်။ ငယ်သွားတွေအရေးပါလှတယ်။ ကြီးသွားမပေါက်မီ ငယ်သွား တွေ တတ်နိုင်သလောက် ထိန်းသိမ်းစောင့်ရှောက်သင့်တယ်။ အချိန်မတိုင်မီ ငယ်သွားတွေ ဆုံးရှုံးခဲ့ရင် သွားတွေရဲ့ ကြိတ်ဝါးမှုနှုန်း လျော့ သွားပြီး ကလေးတွေအတွက် အရေးကြီးတဲ့ အာဟာရမရနိုင်လို့ အာဟာရ ချို့တဲ့ရောဂါရစေပါတယ်။

နာနေတဲ့သွားကြောင့် ကလေးဟာ မာတဲ့အစားအစာတွေ စားနိုင်မှာမဟုတ်ဘူး။ အစာကိုလည်း ပါးစပ်ထဲက မနာတဲ့သွားနဲ့သာ ဝါးဖို့ကြိုး စားလိမ့်မယ်။ ရောဂါပိုးရှိတဲ့ ကလေးငယ်တွေရဲ့ သွားတွေဟာ ယင်းကလေးရဲ့ ကျန်းမာရေးထိခိုက်စေရုံမက ကလေးရဲ့ ရောဂါကို ခံနိုင်ရည် အင်အားလည်း လျော့နည်းသွားမယ်။ ငယ်သွားတွေ စောစောကျိုးတာကြောင့် အနီး အနားရှိနေရာလွတ်ဆီ သွားတွေရွေ့လျားစေနိုင် တယ် ။ ခြောက်နှစ်အရွယ်ပေါက်တဲ့ အံသွား အရှေ့ကိုရွေ့လျားခြင်း၊ ယိုင်ခြင်းကို ကြည့်ခြင်းက သိသာပါတယ်။ ခြောက်နှစ်အရွယ် အံသွားရှေ့ကို ရွေ့လျားခြင်းက နောက်ပေါက်လာမယ့် အံသွားငယ်တွေအတွက် နေရာလုံလောက်မှာတော့ မဟုတ်ပါ၊

သွားတွေ စုပြုံပေါက်ပြီး သွားတွေ မညီမညာပေါက်မှုတစ်မျိုးဖြစ်၍ ယင်းသွားတွေမြင်ရတာ ရုပ်ဆိုးတဲ့အပြင် သွားသန့်ရှင်းရေးပြုလုပ်ဖို့ ခက်ခဲလို့ သွားတွေ စောစောပိုးစားစေကာ သွားဖုံးရောင်ရောဂါဖြစ်စေတယ်။ခြောက်နှစ်အရွယ်မှာ အံသွားလေး ချောင်းရှိပါတယ်။ ယင်းတို့ ဟာ ကလေးဘဝ နောက်ဆုံးပေါက်တဲ့ကလေးအံသွားရဲ့ နောက်နားမှာကပ်ပြီး မေးရိုးနှစ်ခုလုံးထက်အောက်မှာပေါက်လာတယ်။ ယင်းအံ သွားတွေပေါက်တဲ့အခါ ဒုက္ခမပေးဘဲ အေးအေးဆေးဆေးပေါက်လေ့ရှိလို့ တစ်ခါတစ်ရံ ကလေးသွားတွေနဲ့ မှားတတ်တယ်။ ယင်းသွားတွေ အထူးဂရုပြု ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။

ယင်းသွားတွေက မပေါက်သေးတဲ့ လူကြီးသွားအားလုံး ပေါက်လာစေဖို့ လမ်းကြောင်းပေးပါ တယ်။ သွားဆွေးမြည့်ရောဂါကို ယခင်က သွားပိုးစားရောဂါလို့ ခေါ်တယ်။ သွားဆွေးမြည့်ခြင်းဟာ လူတို့မှာ အများဆုံးပျံ့နှံ့ဖြစ်ပွားလေ့ရှိတဲ့ ရောဂါတစ်မျိုးဖြစ်တယ်။ သွားဆွေးမြည့် ခြင်းဟာ ရှေးနှစ်ပေါင်းများစွာကတည်းကရှိကာ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံမှာ ၅၀-၉၀ ရာခိုင်နှုန်းရှိတယ်။ ကလေးလူကြီးမရွေး၊ အမျိုးသား အမျိုးသမီးမရွေး၊ ဆင်းရဲချမ်းသာမရွေး ဖြစ်ပွားလေ့ရှိတယ်။ ဒါကြောင့် ကလေးတွေ ကျောင်းနေ စဉ်အရွယ်မှာ သွားနှင့်ခံတွင်းရောဂါ ကင်း ရှင်းရေးအတွက် မိဘ၊ ဆရာနှင့် ကျောင်းကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းရေးသားလိုက်ရပါ တယ်။

Add a Comment

Your email address will not be published. Required fields are marked *