မြန်မာနိုင်ငံရဲ့ကားစျေးကွက်အတွင်း ဘရန်းအသစ်တွေနဲ့ အားစမ်းတဲ့(၂၀၂၀)နှစ်

၂၀၂၀ မှာ ဘရန်းအသစ်ပေါင်း စုံ လာမယ်။ တိုယိုတာကလည်း လာမယ်ဆိုတော့ ပြည်တွင်းမှာ ထုတ်လုပ်မယ့် ဘရန်း တွေ စုံလာတဲ့ သ ဘောရှိတယ်။ လက်ရှိမြင်တွေ့နေရတာကတော့ တရုတ်ဘရန်းတွေ တော်တော်များ များဟာ ရှိုးရွမ်းတွေဖွင့်ကြတယ်။ SKD စနစ်နဲ့ ကား တွေထုတ်နေကြ ပါတယ်။ အဲသည်လိုပဲ သည် ၂၀၂၀ အတွင်းမှာ ဘယ်လိုဘရန်းတွေ ထုတ်လုပ်ဖို့ ဝင်ရောက်လာ ကြ ဦးမလဲဆိုတာကတော့ ဆက် ပြီး စောင့်ကြည့်ရဦးမှာဖြစ်တယ်။ ၂၀၂၀ ဟာ ကားဘရန်းအသစ်တွေ အားပြိုင်တဲ့နှစ်လို့ပြောလို့ရပါ တယ်လို့ ဆိုတယ်။တိုယိုတာ ကားကုမ္ဗဏီဟာ ဟိုင်းလပ်ကားတွေ တပ်ဆင်ထုတ်လုပ်တာအပြင် ကားထုတ်လုပ်တဲ့ အခြားလုပ်ငန်းတွေပါ လုပ်ကိုင် နိုင်ပါတယ်။

တိုယို တာဟာ သီလဝါစီးပွားရေးဇုန်မှာ ကားစက်ရုံတည်ဆောက်နေပြီး ၂၀၂၁ ဖေဖော်ဝါရီမှာ ဆောက် လုပ်ပြီးစီးမယ်လို့ သိရပါတယ်။ အဲ သည်စက်ရုံမှာ ဟိုင်းလပ်ကားတွေ ကို SKD စနစ်နဲ့ စတင်ထုတ်လုပ် မှာဖြစ်ပြီး တစ်နှစ်ကို ပျမ်းမျှအစီး ရေ ၂၅ဝဝခန့် ထုတ်လုပ်မှာပါ။ တို ယိုတာ မြန်မာရဲ့ မန်နေး ဂျင်းဒါရိုက်တာ Mr. Yoshihisa Tonuzuka က “ကျွန်တော်တို့ ကုမ္ဗ ဏီ အ နေ နဲ့ စက် ရုံ တည် ဆောက်တယ်ဆို တာ ဒီဒေသမှာ နှစ်ပေါင်းများစွာ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်သွားမယ် လို့ ဆိုလိုတာပါ၊ ဥပမာပြောရရင် ဈေးကွက်ကျယ်ပြန့်လာတာ နဲ့ လက်ရှိမှာ စီစဉ်ထားတဲ့ကားတပ် ဆင်တဲ့ လုပ်ငန်းအပြင် တခြားစီး ပွားရေးလုပ်ငန်းတွေ ချဲ့ထွင်သွား ဖို့ကိုလဲ စဉ်းစားသွားမှာပါ၊

ဒေသခံ ကုန်ပစ္စည်း တင်သွင်းသူတွေကို အသုံးပြုပြီး အမျိုးမျိုးသော လုပ် ငန်းတွေလုပ်ဖို့ကိုလဲ ထည့်သွင်း စဉ်းစားသွားဖို့ ရှိပါတယ်” လို့ MNTV ရုပ်သံလိုင်းကတစ်ဆင ့် ပြောပါတယ်။ တိုယိုတာဟာ ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း ကားအသစ် စီးရေ ၃ဝဝဝ သာ ရောင်း ချနိုင်ခဲ့ပြီး ၂၀၁၉ မှာ ရောင်းအားပိုတက်လာပါ တယ်။ ပြည်တွင်းကားအသစ်ဈေး ကွက်ရဲ့ ၁၈ ရာခိုင်နှုန်းအထိ ဈေး ကွက်နေရာရရှိခဲ့တယ် လို့ သိရ တယ်။ ဦးကျော်မင်းထွန်းက ကား ကုမ္ဗဏီတိုင်းကတော့ အသစ်တွေ ထုတ်ဖို့ပြင်ဆင်နေကြသလို ဘယ် လို ကားဒီဇိုင်းအသစ်တွေ ပြည် တွင်းမှာ ထုတ်လုပ်လာနိုင်မလဲဆို တာက လည်း စိတ်ဝင်စားစရာပါ ပဲ။

ခြုံပြီး ပြောရရင်တော့ ၂၀၂၀ မှာ ကား တင်သွင်းတာ နည်းသွား ပါမယ်။ ကားဟောင်းဈေးကွက်က လည်း ၂၀၂၀ အစမှာ ငြိမ်သက် နေ မယ် ။ ကားဘရန်း အသစ်အ သစ်တွေ အလျှိုအလျှို ပေါ်လာ တယ်။ အများ စုကတော့ တရုတ် ဘရန်းတွေဖြစ်နေပါမယ်။ ရှိပြီး သား ဘရန်းန ယူး တွေ နာမည်ရပြီး သားတွေက လည်း ဒီဇိုင်းအ သစ်တွေ၊ မော် ဒယ်လ်အသစ်တွေ ထုတ်လုပ်ဖို့ ပြင်ဆင်နေကြပါ တယ်။ အဲဒါ ကြောင့် ဘရန်းနယူး အသစ်တွေ  အားပြိုင်မယ့်နှစ်လို့ ပြောရတာပါ။ကားမူဝါဒပိုင်းမှာလည်း ယာဉ် ပိုင်ရှင်မှန်ကန်အောင် အမည် ပေါက်ပြောင်းခိုင်း သလို ယာဉ် ကြောကျပ်တည်းတာကို ဖြေ လျှော့ဖို့အတွက် ရန်ကုန်လိုင်စင်၊ နယ်လိုင်စင်ပြဿနာတွေကို ကိုင် တွယ်လာနိုင်တယ်။

ကားဈေး ကွက်အပြောင်းအလဲတွေက ထပ် ဖြစ်လာနိုင်တယ်။ အခုတောင်မှ အ မည်ပေါက်ပြောင်းရတာမှာတင် သက်ရောက်မှုကရှိလာ တယ်။ ဒါ တောင်မှ အမည်ပေါက်ပြောင်းဖို့ အတွက် ဝင် ငွေခွန်က သုံးရာခိုင် နှုန်းပဲ ဆောင် ရပါတယ်။ ၁၅ ရာ ခိုင်နှုန်း ဆို ရင် ပို ဆိုးသွား ပါမယ်။ သုံးရာ ခိုင် နှုန်းက လည်း သည် တစ်နှစ်ပဲလေ။ နောင် နှစ်နောက် နှစ်တွေမှာ ၁၅ ရာခိုင် နှုန်းဖြစ်သွား ရင် မလွယ် ပါဘူး။ သက် ဆိုင်ရာ တွေရဲ့အား ပေးမှုက ကားအသစ် ထုတ်လုပ်တဲ့ ဘက်ဆီ ကိုပဲ  အား ပေးတဲ့ပုံစံ ပေါက် နေပါ တယ်လို့ ဦးကျော် မင်း ထွန်းက ပြော တယ်။ ၂၀၂၀ ဟာ ကား အသစ်တွေ အားပြိုင်တဲ့ နှစ်လို့ တော့ ပြောရမှာပါပဲ။

ရှေ့က ဦး ဆောင်နေတဲ့ ဆူဇူကီးတို့၊ နစ်ဆန်း တို့၊ ဖို့ဒ်တို့ရဲ့နောက်မှာ ဘယ်လို ဘရန်းတွေကပ်ပြီး ထိုးဖောက်လာ ဦးမလဲဆိုတာကလည်း စိတ်ဝင်စား စရာ ဖြစ်နေပါတယ်။ရန်ကုန်တိုင်းဒေသကြီး မော် တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့် ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်း တွဲဖက်အတွင်းရေးမှူး ဦးကျော်မင်းထွန်းက “၂၀၂ဝမှာ ကတော့ ကားအဟောင်းတင်သွင်း တာကတော့ မရှိသလောက်ဖြစ် သွားပြီလေ၊ တင်သွင်းမယ်ဆိုရင် လဲ ဘရန်းနယူးဘယ်မောင်းအမြင့် တွေဖြစ်တဲ့ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ မော်ဒယ်တွေပဲ တင်သွင်းလို့ရမယ်၊  အဲဒီအတိုင်းပဲ သွားတော့မှာပါ၊ ကားဟောင်းကတော့ အမည် ပေါက်ပြောင်းရမှာ၊ အခွန်ဆောင်ရ မှာတွေနဲ့ ဈေးကွက်က အေးစက် နေဦးမှာလို့ ဆိုတယ်။

သူက ဒါကတော့ ပိုင်ရှင်အ မည်ပေါက် ပြောင်းရတဲ့ပြဿနာ ပေါ့နော်။ နောက်တစ်ခါ ဘာတွေ ဆက်လာနိုင်သလဲဆိုရင်တော့ ရန်ကုန်လိုင်စင်၊ နယ်လိုင်စင်ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ထပ်လာနိုင်တယ်။ အဲဒါတွေပါ ထပ်လာရင် ဂျပန်တစ်ပတ်ရစ် ညာ မောင်းကားဟောင်းဈေးကွက်က ပိုပြီးတော့ အေးစက်သွားနိုင်တယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်မှာရှိ တဲ့ မဟာဗန္ဓုလတံတားအောက် မှာပြုလုပ်တဲ့ YRTA ယာဉ်ရပ်နား ဝင်းဖွင့်ပွဲအခမ်းအနားမှာ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက အဖွင့်အမှာစကား ပြောကြားရာမှာ “ကျွန်တော်တို့ ထုတ်တဲ့ကားဟာ ဘရန်းဒက် (Branded) ပဲဖြစ်ရမယ်၊ အဲဒီ  ဘ ရန်းဒက်က မိတ်အင်မြန်မာ (Made in Myanmar) ဖြစ်ရမယ်၊ မိတ်အင်မြန်မာဖြစ်ရင် ရန်ကုန် လိုင်စင်ပေးမယ်”လို့ ထည့်သွင်း ပြောကြားပါတယ်။ သည်အတွက် အဲသည် ကား ဟာ ကျပ်သိန်း ၁ဝဝ ကြိုရနေ တာ ဖြစ်ပါတယ်။ ရန်ကုန်လိုင်စင် ဟာ ကျပ်သိန်း ၁ဝဝ တန်ပါတယ်။ အခု ကျွန်တော်တို့ကားစလစ်တစ် ခုထုတ်မယ်။

အားလုံးသိပါတယ်။ ကားအဟောင်းအပ်ရင် ကားအသစ်စလစ်တစ်ခုရမယ်။ ရန်ကုန် လိုင်စင်ရမယ်။ အဲသည်ကား စလစ် ဟာ သိန်း ၁ဝဝ တန်ပါ တယ်။ ရန် ကုန်မှာ ကားထုတ် လုပ် မယ်ဆိုရင် ကားအသစ်ဝယ်စီးတဲ့ သူတွေအား လုံး ရန်ကုန်လိုင်စင်ရ ပါမယ်။ ကား ထုတ်လုပ် ရေးလုပ် ငန်းကို အောင် မြင်အောင်ချထား ပြီး ရန်ကုန်မှာ ကားထုတ်လုပ်ရေး လုပ်ငန်းပေါင်း ၁၅ ခုအထက်ရှိနေ ပြီဖြစ်တယ်လို့ ဝန်ကြီးချုပ် က ဆို တယ်။အဲဒါအပြင် ကားကို တိုယို တာ ထုတ်လုပ်တဲ့ ဂျပန်နိုင်ငံက တင် သွင်းမလား၊ မြန်မာနိုင်ငံမှာ ထုတ် မလား၊ မြန်မာနိုင်ငံမှာ ထုတ်ရင် ရန်ကုန်လိုင်စင်ရမယ့် ကား က နိုင် ငံခြားကသွင်းလာရင် သိန်း ၃ဝဝ နဲ့ သွင်းလာရမယ်။

ရန်ကုန်လိုင်စင် ကပ်မယ်ဆိုရင် သိန်း ၄ဝဝ ဖြစ် သွားမယ်။ မြန်မာ ပြည်မှာထုတ် လုပ်တဲ့ကားက သိန်း ၂ဝဝ ကျော်၊ သိန်း ၃ဝဝ နဲ့ရောင်း မယ်။ သိန်း ၃ဝဝ နဲ့ သိန်း ၄ဝဝ အပြိုင်ဈေး ကွက်မှာ ဘယ်လို ရောင်း မလဲ။ ဒါ ကြောင့်မို့လို့ ကား ထုတ်လုပ်ရေး ဈေးကွက် အရှိန် အဟုန်နဲ့ ကောင်း လာတာဖြစ်ပါ တယ်လို့လည်း ဝန် ကြီးချုပ်က ပြောပါတယ်။ ဦးကျော်မင်းထွန်းက “ပြည် တွင်းမှာတပ်ဆင်ထုတ်လုပ်တဲ့ SKD စ နစ်မှာတော့ ဆူဇူကီးတို့၊ နစ်ဆန်းတို့ကတော့ အသစ်တွေ ထပ်ထုတ်ဖို့လုပ်နေကြပြီ၊ မော် ဒယ်လ်အသစ်တွေ ဒီဇိုင်းအသစ် တွေကို အားပြိုင် ဖို့အတွက် လျှို့ ဝှက်ပြီး လုပ်နေကြတယ်။

တရုတ် ကားတွေမှာဆိုရင်လဲ အက်စ်ယူဗီ တွေရော၊ ဆလွန်းတွေရော အပြိုင် အဆိုင်ထုတ်လာကြတာတွေ့ရ တယ်။ နာမည်ရပြီးသား ဖို့ဒ် လိုဘရန်း မျိုးတွေဆိုရင်လည်း ထုတ်ကုန်အ သစ်တွေနဲ့ ဈေးကွက်ကို အားပြိုင် ဖို့ လုပ်နေကြတာပါပဲ။ SKD စနစ် နဲ့ ထုတ်လုပ်တာတွေက ရန်ကုန် လိုင်စင် နယ်လိုင်စင်အလွယ်တကူ ရနေတာဆိုတော့ ဈေးကွက်မှာ အားသာချက်ရှိပါတယ်။ ချက်ပ လက်ကလည်း ၂၀၂၀ မှာ အား ပြိုင်ဖို့ ပြင်ဆင်နေတာတော့ကြား ထားတယ်။ ကုမ္ဗဏီတစ်ခုနဲ့တစ်ခု ဘရန်းတစ်ခုနဲ့ တစ်ခုကတော့ အားပြိုင်မှုတွေ များနေတော့ ၂၀၂ဝမှာ ဈေးကွက်ဝေစုကို ဘယ် သူက အများဆုံးရမလဲဆိုတာက တော့ စောင့်ကြည့်ကြရမှာပါ။

၂၀၁၉မှာဆိုရင် ဆူဇူကီးအာ တီဂါကားအမျိုးအစားက ပေါက် တယ်လို့ ပြောလို့ရပါတယ်။ ၂၀၂၀ မှာရော ဘယ်ကားအမျိုး အစားက ပေါက် မလဲ။ တိုယိုတာ စက်ရုံမှာ ရော ထုတ်လုပ်တဲ့အခါ သူ့ရဲ့ဘရန်းဝေစုနဲ့ အခြားဘရန်း တွေရဲ့ဝေစုနဲ့ ဘယ်လိုပြန်ချိန် ကြမလဲ ဆိုတာ ကလည်း စိတ် ဝင်စားဖို့ကောင်းပါတယ်။ တိုယို တာကတော့ မြန်မာနိုင်ငံမှာပေါက် ထားပြီးသား ဘရန်းဆိုတော့ သူ့ ဘက်ကို လူတွေ စိတ်ဝင်စားမှု ပို များမလား စောင့်ကြည့်ရပါမယ်။ အာတီဂါပေါက်သွားတဲ့အခါ လိုအပ်ချက်ကို ပြည့်မီအောင် ချက် ချင်းမထုတ်လုပ်နိုင်တာကိုလည်း တွေ့ရ တယ်။ အဲဒါကတော့ မြန်မာ နိုင်ငံမှာရှိတဲ့ စက်ရုံအနေအထား အရဖြစ်ပါတယ်။

အခြားစီးရက်ဇ်တို့ ဆွစ်တို့ကို လည်း ထုတ်လုပ်ရတဲ့အခါ လို အပ်ချက်ကို ပြည့်မီအောင် ထုတ်ဖို့ ဆိုတာ ခက်ခဲနေပါသေးတယ်။ ဝယ်လိုအား က တအားမြင့်ပြီးအ ပြင်ဈေးကွက်တစ်ခု ဖြစ်သွားလို့ ပါ။ အာတီဂါရဲ့ဒီဇိုင်းကို လူကြိုက် များသွားတဲ့အတွက် အခုအချိန် အထိ ရောင်းအား ကောင်းနေပြီး ပြည့်မီအောင်မထုတ်နိုင်သေးဘဲ ဖြစ်နေပါတယ်။ SKD ကားအဟောင်းတွေက ဈေးကွက်ထဲမှာ ရှိလာပါပြီ။ ဆူဇူ ကီးမှာဆို ရင် ဆွစ်အဟောင်း လည်း ရောင်းရပါတယ်။ အာတီဂါ နံပါတ်ဟောင်းဆိုရင်လည်း ရောင်း နေရတယ်။ ကီယာတို့ ဟွန်ဒေးတို့ရဲ့ SKD နံပါတ် ထွက်ပြီးသား ကားဟောင်း တွေလည်း ရောင်းရပါတယ်။ SKD ကားတွေရဲ့ အဟောင်းဈေး ကွက်က တဖြည်းဖြည်း ကြီးမား လာပါမယ်။

လူစိတ်ဝင်စားမှုအပေါ် မူတည်ပြီး ဘယ်ကားအမျိုးအစား က ဈေးကွက်ကိုဦးဆောင်လာ မလဲ ဆိုတာ စောင့်ကြည့်ရပါ မယ်။ ဂျပန်တစ် ပတ်ရစ်ညာမောင်းတွေ တင်သွင်း ခွင့်မရှိတော့တဲ့ အတွက် တဖြည်း ဖြည်း ပျောက်ကွယ်ပြီး ပြည်တွင်း မှာ တပ်ဆင်ထုတ်လုပ် တဲ့ ဘရန်း တွေက ကားဟောင်း ဈေး ကွက်မှာ ပါ နေရာယူလာ မှာ ပါ။

အခုနောက်ပိုင်းပြည်ပက တင် သွင်းတဲ့ ဘယ်မောင်းကားအမျိုး အစားတွေထဲမှာတော့ မစ်ဆူဘီရှီ ကရော့စ် ကိုလူကြိုက်များတာ တွေ့ရ တယ်။ ကျပ်သိန်း ၆၇၀/ ၆၈၀ ဝန်းကျင်နဲ့ရောင်းကြပါ တယ်။  နာမည်ရတဲ့ကားကျတော့ လည်း ပြည်ပမှာ အပြိုင်အဆိုင် လု ဝယ်ကြရတာ၊ ဈေးနှုန်းမြင့်မားတာ တွေကြောင့် လူတိုင်းပါဝင်နိုင်တာ မျိုးမဟုတ်တော့ဘူး။ လူနည်းစုက သာ လုပ်နိုင်ကိုင်နိုင်တော့ တင် သွင်းတာ နည်း သွားပါတယ်။ အ နည်းစုရဲ့ကားတင်သွင်းမှုကတော့ ဆက်ရှိနေဦးမှာပါ။ မာစီဒီးစ်တို့၊မာဇဒါတို့ ၊ဗော်လ် ဗိုတို့လို ပြည်ပကတင်သွင်းတဲ့ ဘ ရန်းတွေရဲ့ ဈေးကွက်ကတော့ သီးခြားဆက်ရှိနေပါမယ်။ သူတို့ကို ဝယ်တဲ့ ဝယ်လက်က သီးသန့်ဖြစ် တယ်။

မာစီဒီးစ်တစ်စီးကိုဝယ်တဲ့ သူက ရန်ကုန်လိုင်စင်အတွက် စလစ်ကပ်ရတာတို့အခွန်ဆောင်ရ တာတို့ကို ထည့်မတွက်ပါဘူး။ ဘရန်းနယူး ကားတစ်စီးကို ကြိုက် လို့လာ ဝယ်ရင် စလစ်ကပ်ရတဲ့ ကွာဟမှုကို ထည့်မတွက်တော့ပါ ဘူး။ ကျပ်သိန်း ၃ဝဝ၊ သိန်း ၅ဝဝ ကားလေးတွေ မှာသာ စလစ်အ တွက် ကျပ်သိန်း ၁ဝဝ ဝန်းကျင်ကို ထည့်တွက်နေကြရတာပါ။ ဝယ် လက်အနေနဲ့ကလည်း ရန်ကုန်က ဝယ်လက်တစ် ခုတည်းကိုပဲ အား ထားတာမဟုတ်ပါဘူး။ မြန်မာတစ် နိုင်ငံလုံးရဲ့ ဝယ်လက်တွေအပေါ် အားထားတာပါ။ မန္တလေးကလူ လည်း ဝယ်စီး တယ်။ ဖားကန့်ကလူ လည်း ဝယ်စီးတယ်။ တောင်ကြီး က လူလည်း ဝယ်စီးတယ်။

သူတို့ နာမည်နဲ့ပဲ ဝယ်ပြီး နယ်လိုင်စင်၊ ရန်ကုန်လိုင်စင်ထည့်မတွက်ပဲ ပေး ဝယ်တာမျိုးတွေပါ။ ဘရန်းနယူး တွေရဲ့ ရပ်တည်မှုကလည်း ဆက် လက်ကောင်းနေပြီး အော်ဒီတို့လို ဘရန်းမျိုးတွေသာ ဆက်လက်ဝင် ရောက်လာတာကို တွေ့နိုင်ပါ တယ်လို့လည်း ဆိုတယ်။ ကား ဈေးကွက်ကျွမ်းကျင်သူ ကိုကျော်သိန်းဆွေကတော့ “၂၀၂၀ မှာ လုပ်သက် ၂၅ နှစ် အ ထက်ဝန်ထမ်းတွေကို အခွန်တွေ အများကြီးသက်သာ ခွင့်နဲ့ ကား တင်သွင်းဝယ်ယူနိုင်မယ်ဆိုရင် အ ရောင်းပြခန်းတွေ ရောင်းကောင်း လာမယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်ခ်စာ မျက်နှာမှာ ဖော်ပြထားတယ်။ အဲဒါအပြင် ယာဉ်ကြောကျပ် တာတွေ ဖြေလျှော့သွားပြီလား တော့မသိ။

လေးနှစ်နီးပါးပိတ်ထား တဲ့ ရန်ကုန်လိုင်စင်ပြန်ဖွင့်ပေးဖို့ ရှိ မယ်။ ပြည်တွင်းထုတ် SKD စနစ် ကနေ CKD စနစ်ကူးပြောင်းမှု စတင်တော့ မယ်။ လက်ရှိမှာကား တစ်စီးလုံးပြည်တွင်းမှာ ထုတ်လုပ် မယ့် CKD စနစ်နဲ့ စင်ကာပူကား အမျိုးအစားထုတ်နေပြီဖြစ်တယ်။ SKD ကား တွေရဲ့ကားဟောင်း တွေ ကားဟောင်းဈေးကွက်ဝင် လာပါတော့မယ်။ ပြည်တွင်းထုတ် ကားနဲ့ပြည်ပက တင်သွင်းမယ့် ကားတွေကို Emission Standard အနိမ့်ဆုံး သတ်မှတ် တာတွေရှိလာပါမယ်။ အမည် ပြောင်းရန် ရှောင်ကြတဲ့ ယာဉ် သက်တမ်းတိုး နှစ်နှစ်ရရှိကား တွေ အတွက် RFID လုပ်ရန် စဉ်းစား စရာ ကိစ္စဖြစ်လာပါမယ်။

လုပ်ငန်းသုံးကားလေးတွေ ဈေးအနည်းငယ်ပြန်တက်မယ်။ ကျပ်သိန်း ၂ဝဝ တန် အိမ်စီးကား တွေ ဈေးတန်းတူအရည်အသွေး တူနိုင်တဲ့ ကားဝင်လာရန်မရှိသေး လို့ ဈေးကျဖို့မရှိပါ။ ကျပ်သိန်း ၆ဝဝ ကျော်ကားတွေ ရွေးချယ် စရာ ဥရောပကားတွေနဲ့ နှိုင်းယှဉ် ကာ ဈေးကွက်မျှ သွားနိုင် ပါတယ်။ ကားကရေဇီအကြိုက်တွေ့မှသာ အဝယ်ကောင်းနိုင်ပါ တယ်။ မူဆယ်နယ်ကနေ တရုတ် ကားတင်သွင်းခြင်းအတွက် အ ရည်အသွေးစစ်ဆေးမယ့် သတ် မှတ်ချက်မူဝါဒ ထပ်မံထွက်ရှိလာ မယ်လို့လည်း ကိုကျော်သိန်းဆွေ က ဖော်ပြထားတယ်။ အခုရောက်ရှိလာ တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာတော့ ကားဈေး ကွက် အရမ်းကြီးကောင်းလာတာ မျိုးတော့ မရှိနိုင်ပါဘူး။

ပုံမှန် ဝယ် ယူ တဲ့သူတွေရှိမယ်၊ တကယ်လို့ ဘဏ်စနစ် ပိုပြီးဖွံ့ဖြိုးလာရင်သာ ဘဏ်စနစ်နဲ့ကိုက်ညီတဲ့ အရစ်ကျ ဝယ်ယူနိုင်တဲ့ပုံစံတွေရှိလာ ရင်သာ ကားအရောင်းအဝယ်ပိုမိုကောင်း မွန်လာနိုင်ပါတယ်၊ နိုင်ငံရဲ့ စီးပွား ရေး ပိုမိုကောင်းမွန်လာရင်လဲ ကား အရောင်းအဝယ် ပိုကောင်း လာနိုင် ပါတယ်၊ လက်ရှိမှာကတော့ နိုင်ငံ ရဲ့ စီးပွားရေးအခြေအနေက ပုံမှန် ဖြစ်နေတာ၊ ကားတွေက ရွေးချယ် စရာများနေတာကြောင့် ပုံမှန်အ ရောင်းအဝယ်လေးနဲ့ပဲ ဆက်သွား နေဖို့ပဲရှိတယ်၊ ၂၀၂ဝရဲ့ ထူးခြားမှု ကတော့ ကားဘရန်းအသစ်တွေ ကို ပြည်သူတွေစိတ်ဝင်စားမှု မြင့် တက်လာစေမှာဖြစ်တယ်”လို့ ဦးကျော် မင်းထွန်းက ပြောတယ်။

Add a Comment

Your email address will not be published. Required fields are marked *