Local Cele

တော်တဲ့သူတွေထဲကမှာ သူ့ကိုရွေးပြီး အားပေးလို့ ကျေးဇူးတင်လို့မဆုံးပါဘူးဆိုတဲ့ ဘင်ဂျမင်ဆုမ်

Written by Cele Sai

ကလေးမြို့ကနေလာရောက် ယှဉ်ပြိုင်တဲ့ ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားလေးဖြစ်တဲ့ ချင်းတိုင်းရင်သားလေး ဘင်ဂျမင်ဆုမ်းကတော့ ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကို “ကျနော်တို့ မြန်မာအိုင်ဒေါလ်မိသားစုဝင်များ အတူတကွပျော်ရွင်ကြပါတယ်။ ဒီလိုမယုံနိုင်လောက်အောင် တော်တဲ့သူကြားမှာ ကျနော့်ကို ရွေးချယ်ပြီး အားပေးတာ ကျေးဇူးတင်လို့ မဆုံးဘူးဗျ” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှ ဖော်ပြထားပါတယ်။Myanmar Idol Season (4)ရဲ့ Top (11) Finalist ပြိုင်ပွဲတစ်ယောက်ဖြစ်တဲ့ ဘင်ဂျမင်ဆုမ်းကတော့ လက်ရှိမှာလည်း အားပေးတဲ့ ပရိသတ်တော်တော်များများရရှိထားတဲ့ ပြိုင်ပွဲဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။

အဆိုတော်ကြီး ထူးအိမ်သင်ရဲ့ သီချင်းဖြစ်တဲ့ “နေကောင်းလားမေမေ”ဆိုတဲ့ သီချင်းကို အမေဖြစ်သူအတွက် ရည်ရွယ်ပြီး သီဆိုခဲ့တဲ့ ဘင်ဂျမင်ဆုမ်းရဲ့ သီဆိုယှဉ်ပြိုင်မှုဟာ ပရိသတ်တော်တော်များများ မျက်ရည်မဆည်နိုင်အောင်ဖြစ်စေခဲ့ပါသေးတယ်။ဘင်ဂျမင်ဆုမ်းကတော့ သီချင်းတိုင်းကို ခံစားမှုအပြည့်ထည့်ကာ ကိုယ်ပိုင်စတိုင်လ်လေးနဲ့ ဆိုတတ်တာကြောင့် ယောက်ျားလေးပြိုင်ပွဲဝင်တွေထဲက ပရိသတ်တွေအားပေးမှု အများဆုံးရရှိထားပြီး Winner ဖြစ်မယ်လို့ ထင်ကြေးပေးခြင်းခံနေရသူတစ်ယောက်ပဲဖြစ်ပါတယ်။

အရည်အချင်းပြည့်ဝပြီး ထူးချွန်တဲ့ ပြိုင်ပွဲဝင်တွေများတာကြောင့် ပရိသတ်တွေအတွက် ရွေးချယ်အားပေးဖို့ ဝေခွဲရခက်သလို တစ်ပတ်တစ်ပတ်နှုတ်ဆက်ထွက်ခွာတဲ့ ပြိုင်ပွဲဝင်ကို ခန့်မှန်းရမလွဲလောက်အောင်ကိုပင် တော်တဲ့သူတွေပေါများနှစ်ပါပဲ။ ပရိသတ်ကြီးရေ ဘင်ဂျမင်ဆုမ်းကတော့ အခုလိုတော်တဲ့တွေထဲကမှ သူ့ကိုရွေးပြီး အားပေးလို့ ကျေးဇူးတင်လို့မဆုံးပါဘူးတဲ့နော်။

ဇော်ဂျီဖြင့်ဖတ်ရန်

” ေတာ္တဲ့သူေတြထဲကမွာ သူ႔ကိုေ႐ြးၿပီး အားေပးလို႔ ေက်းဇူးတင္လို႔မဆုံးပါဘူးဆိုတဲ့ ဘင္ဂ်မင္ဆုမ္း ”

ကေလးၿမိဳ႕ကေနလာေရာက္ ယွဥ္ၿပိဳင္တဲ့ ကြန္ပ်ဴတာတကၠသိုလ္ ဒုတိယႏွစ္ေက်ာင္းသားေလးျဖစ္တဲ့ ခ်င္းတိုင္းရင္သားေလး ဘင္ဂ်မင္ဆုမ္းကေတာ့ ခ်စ္ခင္အားေပးတဲ့ ပရိသတ္ေတြကို “က်ေနာ္တို႔ ျမန္မာအိုင္ေဒါလ္မိသားစုဝင္မ်ား အတူတကြေပ်ာ္႐ြင္ၾကပါတယ္။ ဒီလိုမယုံႏိုင္ေလာက္ေအာင္ ေတာ္တဲ့သူၾကားမွာ က်ေနာ့္ကို ေ႐ြးခ်ယ္ၿပီး အားေပးတာ ေက်းဇူးတင္လို႔ မဆုံးဘူးဗ်” လို႔ သူရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွ ေဖာ္ျပထားပါတယ္။Myanmar Idol Season (4)ရဲ႕ Top (11) Finalist ၿပိဳင္ပြဲတစ္ေယာက္ျဖစ္တဲ့ ဘင္ဂ်မင္ဆုမ္းကေတာ့ လက္ရွိမွာလည္း အားေပးတဲ့ ပရိသတ္ေတာ္ေတာ္မ်ားမ်ားရရွိထားတဲ့ ၿပိဳင္ပြဲဝင္တစ္ေယာက္လည္း ျဖစ္ပါတယ္။

အဆိုေတာ္ႀကီး ထူးအိမ္သင္ရဲ႕ သီခ်င္းျဖစ္တဲ့ “ေနေကာင္းလားေမေမ”ဆိုတဲ့ သီခ်င္းကို အေမျဖစ္သူအတြက္ ရည္႐ြယ္ၿပီး သီဆိုခဲ့တဲ့ ဘင္ဂ်မင္ဆုမ္းရဲ႕ သီဆိုယွဥ္ၿပိဳင္မႈဟာ ပရိသတ္ေတာ္ေတာ္မ်ားမ်ား မ်က္ရည္မဆည္ႏိုင္ေအာင္ျဖစ္ေစခဲ့ပါေသးတယ္။ဘင္ဂ်မင္ဆုမ္းကေတာ့ သီခ်င္းတိုင္းကို ခံစားမႈအျပည့္ထည့္ကာ ကိုယ္ပိုင္စတိုင္လ္ေလးနဲ႔ ဆိုတတ္တာေၾကာင့္ ေယာက္်ားေလးၿပိဳင္ပြဲဝင္ေတြထဲက ပရိသတ္ေတြအားေပးမႈ အမ်ားဆုံးရရွိထားၿပီး Winner ျဖစ္မယ္လို႔ ထင္ေၾကးေပးျခင္းခံေနရသူတစ္ေယာက္ပဲျဖစ္ပါတယ္။

အရည္အခ်င္းျပည့္ဝၿပီး ထူးခၽြန္တဲ့ ၿပိဳင္ပြဲ၀င္ေတြမ်ားတာေၾကာင့္ ပရိသတ္ေတြအတြက္ ေရြးခ်ယ္အားေပးဖို႔ ေ၀ခြဲရခက္သလို တစ္ပတ္တစ္ပတ္ႏႈတ္ဆက္ထြက္ခြာတဲ့ ၿပိဳင္ပြဲ၀င္ကို ခန္႔မွန္းရမလြဲေလာက္ေအာင္ကိုပင္ ေတာ္တဲ့သူေတြေပါမ်ားႏွစ္ပါပဲ။ပရိသတ္ႀကီးေရ ဘင္ဂ်မင္ဆုမ္းကေတာ့ အခုလိုေတာ္တဲ့ေတြထဲကမွ သူ႔ကိုေ႐ြးၿပီး အားေပးလို႔ ေက်းဇူးတင္လို႔မဆုံးပါဘူးတဲ့ေနာ္။

About the author

Cele Sai

Leave a Comment