Local Cele

တောင်ကြီးရဲ့မီးပုံပျံလွှတ်ပွဲတော်ကိုလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်တဲ့တောင်ကြီးသားလေးစိုင်းစိုင်းခမ်းလှိုင်

Written by Cele Sai

မြန်မာနိုင်ငံရဲ့လျှမ်းလျှမ်းတောက်နာမည်ကျော်ကြားတဲ့ အဆိုတော်၊ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ မွေးရမ်မြေကိုအင်မတန်ချစ်တဲ့သူတစ်ယောက်ပါပဲ။တန်ဆောင်မုန်းလမှာ တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံလွှတ်ပွဲကိုသွားရောက်ကြည့်ကြသူတွေမနည်းပါဘူး။တောင်ကြီးမြို့ရဲ့မီးပုံပျံလွှတ်ပွဲကတော့ အလွန်နာမည်ကြီးပါတယ်။

ပရိသတ်အချစ်တော်စိုင်းစိုင်းကတော့ မြို့လေးကိုလွမ်းတတ်ကြောင်းကို ပရိသတ်ကိုမကြာခဏဆိုသလိုအသိပေးလေ့ရှိပါတယ်။အခုလည်း အရွှန်းဖောက်ပြီးတော့ တောင်ကြီးမြို့ရဲ့မီးပုံပျံလွှတ်ပွဲတော်မှာပါဝင်ဆင်နွဲသင့်ကြောင်းရေးသားထားပါတယ်။စိုင်းစိုင်းက”တစ်နှစ်မှာ ၃၆၅ လုံး ခေါင်းငုံ့ပြီး အငမ်းမရ ဖုန်းပွတ်နေရတဲ့ ခေတ်အခါမှာ တစ်နှစ်ကို ၃ ၄ ၅ ရက်လောက်တော့ ခေါင်းမော့ပြီး အံ့ဩဘနန်း မီးပုံးပျံကြည့်ခြင်းအားဖြင့်သင်၏ဇက်ပိုး ကျန်းမာရေးကို အထောက်အကူဖြစ်စေရုံသာမက ကိုယ်ရောစိတ်ပါ ကြည်လင်အေးမြလာစေမည် ဖြစ်သည့်အတွက် ကျွန်ုပ်တို့တောင်ပေါ်မြို့ကလေး၏ ရင်သပ်ရှုမောဖွယ်ရာ မီးပုံးပျံပွဲကို နှစ်စဉ် ကြွရောက်ဖို့ရာအကြောင်း ကမ္ဘာတစ်ခုလုံးကို ဖိတ်ကြားအပ်ပါသည်” လို့ ရေးသားထားတာပါ။

ဒီလိုရေးသားပြီးတော့ ပထမဆုရတဲ့ ရောင်စုံမီးပုံကိုလည်းတင်ထားပါသေးတယ်။စိုင်းစိုင်းကြောင့်ပဲ တန်ဆောင်တိုင်ပွဲတော်ကို သွားချင်သူတွေများနေပြန်ပါတယ်။စိုင်းစိုင်းကတော့ မွေးရပ်မြေကိုချစ်တတ်လွန်းသူတောင်ကြီးသားကြီးပါပဲနော်….

Source : SaiSaiKhamHlaing

Moe – Cele Gabar

ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

ေတာင္ၾကီးရဲ႕မီးပံုပ်ံလႊတ္ပြဲေတာ္ကိုလာေရာက္လည္ပတ္ဖို႔ ဖိတ္ေခၚလိုက္တ့့ဲေတာင္ၾကီးသားေလးစိုင္းစိုင္းခမ္းလွုိင္
ျမန္မာႏိုင္ငံရဲ႕လ်ွမ္းလ်ွမ္းေတာက္နာမည္ေက်ာ္ၾကားတဲ့ အဆိုေတာ္၊ရုပ္ရွင္မင္းသားတစ္ေယာက္ျဖစ္တဲ့ စိုင္းစိုင္းခမ္းလွုိင္ကေတာ့ ေမြးရမ္ေျမကိုအင္မတန္ခ်စ္တဲ့သူတစ္ေယာက္ပါပဲ။တန္ေဆာင္မုန္းလမွာ ေတာင္ၾကီးတန္ေဆာင္တိုင္ မီးပံုပ်ံလႊတ္ပြဲကိုသြားေရာက္ၾကည့္ၾကသူေတြမနည္းပါဘူး။ေတာင္ၾကီးျမိဳ႔ရဲ႕မီးပံုပ်ံလႊတ္ပြဲကေတာ့ အလြန္နာမည္ၾကီးပါတယ္။

ပရိသတ္အခ်စ္ေတာ္စိုင္းစိုင္းကေတာ့ ျမိဳ႔ေလးကိုလြမ္းတတ္ေၾကာင္းကို ပရိသတ္ကိုမၾကာခဏဆိုသလိုအသိေပးေလ့ရွိပါတယ္။အခုလည္း အရႊန္းေဖာက္ျပီးေတာ့ ေတာင္ၾကီးျမိဳ႕ရဲ႕မီးပံုပ်ံလႊတ္ပြဲေတာ္မွာပါ၀င္ဆင္ႏြဲသင့္ေၾကာင္းေရးသားထားပါတယ္။စိုင္းစိုင္းက”တစ္ႏွစ္မွာ ၃၆၅ လုံး ေခါင္းငုံ႔ၿပီး အငမ္းမရ ဖုန္းပြတ္ေနရတဲ့ ေခတ္အခါမွာ တစ္ႏွစ္ကို ၃ ၄ ၅ ရက္ေလာက္ေတာ့ ေခါင္းေမာ့ၿပီး အံ့ဩဘနန္း မီးပုံးပ်ံၾကည့္ျခင္းအားျဖင့္သင္၏ဇက္ပိုး က်န္းမာေရးကို အေထာက္အကူျဖစ္ေစ႐ုံသာမက ကိုယ္ေရာစိတ္ပါ ၾကည္လင္ေအးျမလာေစမည္ ျဖစ္သည့္အတြက္ ကြၽႏ္ုပ္တို႔ေတာင္ေပၚၿမိဳ႕ကေလး၏ ရင္သပ္ရႈေမာဖြယ္ရာ မီးပုံးပ်ံပြဲကို ႏွစ္စဥ္ ႂကြေရာက္ဖို႔ရာအေၾကာင္း ကမာၻတစ္ခုလုံးကို ဖိတ္ၾကားအပ္ပါသည္” လို႔ ေရးသားထားတာပါ။

ဒီလိုေရးသားျပီးေတာ့ ပထမဆုရတဲ့ ေရာင္စံုမီးပံုကိုလည္းတင္ထားပါေသးတယ္။စိုင္းစိုင္းေၾကာင့္ပဲ တန္ေဆာင္တိုင္ပြဲေတာ္ကို သြားခ်င္သူေတြမ်ားေနျပန္ပါတယ္။စိုင္းစိုင္းကေတာ့ ေမြးရပ္ေျမကိုခ်စ္တတ္လြန္းသူေတာင္ၾကီးသားၾကီးပါပဲေနာ္….

Source : SaiSaiKhamHlaing

About the author

Cele Sai

Leave a Comment