Local Cele

ဆန်းသစ်တဲ့ MTV ရိုက်ချက်တွေနဲ့ အသစ်ထွက်ရှိလာတဲ့ အေသင်ရဲ့ သီချင်းသစ်

Written by Cele Sai

Single Mother အဖြစ် ပရိသတ်တွေသိကြတဲ့ Ivy လေးရဲ့မေမေ အေသင်ချိုဆွေက ယခင် အချိန်တွေကတည်းက ဂီတလောကမှာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြီး သားသူတစ် ယောက်ဖြစ်ပါတယ်။ အချိန်တွေတော်တော်ကြာပြီနောက်မှာ ယခင်ကနဲ့ မတူတဲ့ ခွန်အားအပြည့်နဲ့ ဂီတလောကကို ပြန်လည်လျှောက်လှမ်းလာတာကို ပရိသတ်တွေမြင်တွေ့ကြရမှာပါ။

ချစ်စရာကောင်းတဲ့ သမီးလေးအတွက် အရင်ကနဲ့ လုံးဝမတူတော့တဲ့ အေသင်ရဲ့ ကြိုးစားမှုတွေကို လည်း ပရိသတ်တွေမြင်တွေ့ရမှာပါ။ အခုဆိုလည်း ချစ်စရာအရမ်းကောင်းတဲ့ သားအမိနှစ်ယောက်ရဲ့ ပရိသတ်တွေကတော့ အရမ်းကို များနေပြီး Ivy လေးကို သည်းသည်းလှုပ်ချစ်ကြတဲ့ ပရိသတ်တွေလည်း များစွာ ရှိနေပါပြီ။ သမီးလေးအတွက် အစအစအရာရာ ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကြိုးစားနေတဲ့ အေသင်ရဲ့ မိခင်စိတ်ကတော့ တကယ့်ကို ချီးကျူးဖွယ် Single Mother တစ်ယောက်ပါနော်။

အခုလည်း သီချင်းအသစ်တွေ ဆက်တိုက်မထွက်ရှိနိုင်သေးတဲ့ အေသင်က Easy Going ဆိုတဲ့ သီချင်းအသစ်လေးတစ်ပုဒ်ကို ပရိသတ်တွေဆီ အရောက်ပို့လိုက်ပါပြီနော်။ အခုခေတ်နဲ့အညီ ဆန်းသစ်တဲ့ ရိုက်ကူးမှုပုံစံအသစ်လေးတွေနဲ့ ခပ်ကြွကြွသီချင်းလေးဖြစ်တဲ့ အေသင်ရဲ့ Easy Going ဆိုတဲ့ သီချင်းသစ် MTVလေးကို CeleGabar ပရိသတ်တွေအတွက် တင်ပေးလိုက်ပါပြီနော်။

(Zawgyi ဖြင့်ဖတ်ရန်)





About the author

Cele Sai

Leave a Comment