Local News

အေမျဖစ္သူက ေထာင္က်ေနျပီး အေဖကို ဘယ္မွာရွာရမွန္းမသိတဲ႔ ေမာင္ႏွမ (၃)ေယာက္

Written by Cele Sai

အေဖကအဆက္အသြယ္မရ၊အေမကေထာင္က်၊က်န္ရစ္ခဲ့တဲ့ေမာင္ႏွမသုံးေယာက္အတြက္စားေရးေနေရး၊ပညာေရးတို႔ကိုလစဥ္ေထာက္ပံေနတာတစ္ႏွစ္ေက်ာ္ပါၿပီ။

သူတို႔ရဲ႕ဇာတ္ေၾကာင္းက သူတို႔ရဲ႕ဖခင္ျဖစ္သူကအိမ္ကထြက္ၿပီးတပ္မေတာ္ထဲဝင္ၿပီးသင္တန္းကေနထြက္ေျပးသြားတာ၃ႏွစ္ေက်ာ္ၿပီး တပ္ေျပးျဖစ္ေနၿပီလို႔ေျပာပါတယ္။

အခုအထိသူနဲ႔အဆက္အသြယ္မရတာၾကာၿပီတဲ့။အေမျဖစ္တဲ့သူကဝင္ေငြရဖို႔ ဘူးခြံ၊ပုလင္းခြံေကာက္ယင္း လမ္းေဘးမွာေတြ႕တဲ့ အစိုးရဌာနပိုင္ ဝါယာႀကိဳးအခြံစေတြေကာက္မိလို႔ ပုဒ္မ၆၁နဲ႔ေထာင္၃ႏွစ္က်သြားပါတယ္။

က်န္ရစ္ခဲ့တဲ့ကေလးသုံးေယာက္ကိုလူမႈေရးအသင္းမွေစာင့္ေရွာက္ေပးထားပါတယ္။ကၽြန္ေတာ္ကေတာ့ကေလးသုံးေယာက္စားေရးေနေရး၊ပညာေရးအတြက္အမ်ားလႈဒါန္းေငြမွတစ္လကိုတစ္သိန္းေထာက္ပံေပးေနတာ ၂၀၁၈၊၉လပိုင္းကတည္းပါ။

အလႈရွင္မေအးေအးခိုင္ကလဲလစဥ္တစ္လကိုငါးေသာင္းက်ပ္လႈေပးေနလို႔ စုစုေပါင္းတစ္သိန္းငါးေသာင္းလႈခဲ့ပါၿပီး။ကေလးေတြအေမေထာင္ကလြတ္လာရင္ေတာ့ေနဖို႔လုပ္ကိုင္စားဖို႔ဆက္ကူညီေပးသြားမွာပါ။

ONE TO ONE ျပည္သူ႔ကူညီေရး
ကိုဝမ္း ဖုန္း ၀၉၄၅၆၅၆၇၈၇၈
မႏၲေလးၿမိဳ႕

အမေဖြစ်သူက ထောင်ကျနေပြီး အဖေကို ဘယ်မှာရှာရမှန်းမသိတဲ့ မောင်နှမ (၃)ယောက်

အဖေကအဆက်အသွယ်မရ၊အမေကထောင်ကျ၊ကျန်ရစ်ခဲ့တဲ့မောင်နှမသုံးယောက်အတွက်စားရေးနေရေး၊ပညာရေးတို့ကိုလစဉ်ထောက်ပံနေတာတစ်နှစ်ကျော်ပါပြီ။

သူတို့ရဲ့ဇာတ်ကြောင်းက သူတို့ရဲ့ဖခင်ဖြစ်သူကအိမ်ကထွက်ပြီးတပ်မတော်ထဲဝင်ပြီးသင်တန်းကနေထွက်ပြေးသွားတာ၃နှစ်ကျော်ပြီး တပ်ပြေးဖြစ်နေပြီလို့ပြောပါတယ်။

အခုအထိသူနဲ့အဆက်အသွယ်မရတာကြာပြီတဲ့။အမေဖြစ်တဲ့သူကဝင်ငွေရဖို့ ဘူးခွံ၊ပုလင်းခွံကောက်ယင်း လမ်းဘေးမှာတွေ့တဲ့ အစိုးရဌာနပိုင် ဝါယာကြိုးအခွံစတွေကောက်မိလို့ ပုဒ်မ၆၁နဲ့ထောင်၃နှစ်ကျသွားပါတယ်။

ကျန်ရစ်ခဲ့တဲ့ကလေးသုံးယောက်ကိုလူမှုရေးအသင်းမှစောင့်ရှောက်ပေးထားပါတယ်။ကျွန်တော်ကတော့ကလေးသုံးယောက်စားရေးနေရေး၊ပညာရေးအတွက်အများလှုဒါန်းငွေမှတစ်လကိုတစ်သိန်းထောက်ပံပေးနေတာ ၂၀၁၈၊၉လပိုင်းကတည်းပါ။

အလှုရှင်မအေးအေးခိုင်ကလဲလစဉ်တစ်လကိုငါးသောင်းကျပ်လှုပေးနေလို့ စုစုပေါင်းတစ်သိန်းငါးသောင်းလှုခဲ့ပါပြီး။ကလေးတွေအမေထောင်ကလွတ်လာရင်တော့နေဖို့လုပ်ကိုင်စားဖို့ဆက်ကူညီပေးသွားမှာပါ။

ONE TO ONE ပြည်သူ့ကူညီရေး
ကိုဝမ်း ဖုန်း ၀၉၄၅၆၅၆၇၈၇၈
မန္တလေးမြို့

About the author

Cele Sai

Leave a Comment