Local Cele

ချစ်ဇနီးချောလေးနဲ့ ချောင်းသာကို အလည်ရောက်ခဲ့တဲ့ Ro ဆန်ဆန်ပုံလေးတွေ တင်လိုက်တဲ့ Ah Boy

Written by Cele Sai

တစ်​ဦးနဲ့တစ်​ဦး နားလည်​မှုအပြည့်​ရှိတဲ့ အဆိုတော် Ah Boy နဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့ဇနီးမောင်နှံနှစ်ဦးကတော့ အချစ်​တွေအပြည့်​နဲ့ ပြီးပြည့်စုံတဲ့အိမ်ထောင်ရေးကို တည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။ ခရီးသွားရတာ ဝါသနာပါတဲ့ Ah Boy တို့ ဇနီးမောင်နှံကတော့ အမြဲလိုလို ခရီးတွေ ထွက်ဖြစ်နေပြီး အရမ်းလှတဲ့ ခရီးသွားပုံရိပ်တွေကိုလည်း ပရိသတ်တွေအတွက် ဝေမျှပေးလေ့ရှိပါတယ်။

လတ်တလောမှာတော့ Ah Boy က ချစ်ဇနီးချောလေးနဲ့ ချောင်းသာသို့ အလည်ရောက်ခဲ့တဲ့ Romantic ဆန်ဆန်ပုံရိပ်​တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ အရမ်းလန်းနေတဲ့ Ah Boy တို့ ဇနီးမောင်နှံရဲ့ပုံရိပ်တွေကတော့ Ro လွန်းလို့ ပရိသတ်တွေကလည်း သဘောကျနေကြတာပါ။


ချစ်ပရိသတ်တွေအတွက် ချောင်းသာကမ်းခြေမှာ ပျော်နေကြတဲ့ အဆိုတော် Ah Boy နဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့ ဇနီးမောင်နှံရဲ့အမိုက်စားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မြတ်ရတနာကျော်ကတော့ ” မြတ်တို့ပြီးခဲ့တဲ့ပိတ်ရက်တုန်းက ချောင်းသာကိုသွားတုန်း Beach မှာလန်းနေဖို့ Energy တွေအပြည့်နဲ့ ကဲလို့ရအောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Energy Drinks တွေယူသွားဖြစ်တယ် ။ ဘယ်လိုတွေလန်းဆန်းပြီး ဘယ်လိုတွေပျော်ခဲ့တယ် ဆိုတာ video လေးကိုမတင်ခင်ထုံးစံအတိုင်း Tesar အနေနဲ့ ဓာတ်ပုံလှလှလေးတွေကိုအရင်တင်ပေးလိုက်ပါပြီ။” ဆိုပြီး သူမတို့ ဇနီးမောင်နှံရဲ့ချောင်းသာခရီးစဉ်အ​ကြောင်းကို ​ဝေမျှ​ပေးထားတာပါ။

ဘယ်လိုတွေတောင် Ro နေကြတာလဲ စကားလက်လေးရဲ့ဖေဖေနဲ့ မေမေရယ်…။

မြတ်ရတနာကျော်ကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို နားထားပြီး ချစ်ရတဲ့ မိသားစုကို အချိန်အပြည့်အဝပေးဖြစ်နေတယ်လို့ သိရပါတယ်။

သမီး သုံးယောက်ရဲ့ဖေဖေကြီး Ah Boyကလည်း လူငယ်လေးလို နုပျိုလန်းဆန်းနေတုန်းပဲနော်…။

အဆိုတော် Ah Boy က​တော့ လတ်​တ​လောမှာ စီးပွား​ရေးကို ဦးစား​ပေးလုပ်​နေဖြစ်​ပြီး သီချင်းအသစ်​တွေလည်း ထပ်​လုပ်​ဖို့ရှိတယ်​လို့ သိရပါတယ်​။ ချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်စရာကောင်းတဲ့ ပျော်ရွှင်​ကြည်​နူးစရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ Ah boy နဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

About the author

Cele Sai

Leave a Comment