Knowledge

ပျို့အန်ခြင်းကို မကြာခဏ ခံစားနေရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ အိုင်ကျူ မြင့်တဲ့ကလေး မွေးလာနိုင်ဖွယ်ရှိကြောင်း သိရှိရ

Written by Cele Sai

ကိုယ်ဝန်ဆောင်တဲ့အချိန်ဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်ဖြစ်နိုင်သလို အရမ်းစိန်ခေါ်မှုများတဲ့အချိန်လည်း ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုဟာ ကိုယ်ဝန်စတင်ဆောင်သည့် ကိုယ်ဝန်ပထမသုံးလမှာ ပျို့အန်ခြင်း ဝေဒနာကို ခံစားကြရပါတယ်။ ဒီ morning sickness ကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေဟာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် တိုက်ရိုက်ဆက်စပ်နေတယ်လို့ လေ့လာမှု တစ်ခုမှာ ပြသခဲ့ပါတယ်။

ကလေးနှင့်ပတ်သတ်တဲ့ သုတေသနဆေးပညာဂျာနယ်မှာ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဖြစ်ပေါ်လာတဲ့ပျို့ချင် ၊ အန်ချင်တာက ကလေးမှာ အိုင်ကျူမြင့်မားတဲ့ အကောင်းဆုံးလက္ခဏာတစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါအပြင် ပျို့အန်ခြင်းရဲ့ ပြင်းထန်မှုက ကလေးရဲ့ ဉာဏ်ရည်ကို ပိုမို မြင့်မားလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ အဆိုပါ လေ့လာမှုမှာ ၁၉၉၈ နှင့် ၂၀၀၃ခုနှစ်အကြား ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီး ၁၂၁ယောက် ပါဝင်ခဲ့ပါတယ်။ ကလေးရဲ့ အိုင်ကျူအဆင့်တွေကို ကလေးတွေ အသက် ၃နှစ်နဲ့ ၇နှစ်ကြား အရွယ်ရောက်တဲ့အချိန်မှာ ခွဲခြား စိစစ်ခဲ့ကြပါတယ်။ ထိုအခါ ထွက်ပေါ်လာတဲ့ အချက်တွေက ဘာတွေလဲဆိုတော့

၁။ ရေရှည်ရလဒ်များ
———————–

ဂျေအေ အမ်အေ ဆေးပညာဂျာနယ်က ထုတ်ဝေခဲ့တဲ့ တစ်ခြားလေ့လာမှုတွေမှာ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ပျို့ချင်အန်ချင်သလို ခံစားရတာက ကိုယ်ဝန်ပျက်ကျနှုန်း လျော့နည်းမှုနှင့် ဆက်စပ်နေတာကြောင့် ကောင်းတဲ့ လက္ခဏာတစ်ခု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ တစ်နည်းအားဖြင့် ဟော်မုန်းပမာဏတွေက ကိုယ်ဝန်ကို ဆက်လက်ထိန်းသိမ်းဖို့အတွက် အလုံအလောက် မြင့်မားတာကြောင့် ပျို့အန်ခြင်းမှာ အကာအကွယ်ပေးတဲ့ လုပ်ဆောင်မှုတစ်ခုရှိတယ်လို့ ဆိုပါတယ်။

၂။ အာရုံကြော ဖွံ့ဖြိုးတိုးတက်မှုမှာ အားကောင်းစေပါတယ်
—————————————————————-

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ပျို့အန်တတ်တဲ့ မိခင်ရဲ့ကလေးဟာ ပျို့အန်မှု မခံစားရတဲ့ မိခင်ရဲ့ကလေးထက် အိုင်ကျူရမှတ် ပိုမြင့်တယ်လို့ ဖော်ပြထားပါတယ်။ ဒီအရာက human chorionic gonadotropin လို့ခေါ်တဲ့ (HCG) ဟော်မုန်း တိုးမြင့်လာတာကြောင့် ဖြစ်ပါတယ်။ HCG ကို ကိုယ်ဝန်ဆောင်နေစဉ် အချင်းကနေ ထုတ်လုပ်ပေးပါတယ်။ ဒီဟော်မုန်းက ကိုယ်ဝန်ကို ကောင်းကောင်း ထိန်းသိမ်းပေးပြီးတော့ ကလေးကြီးထွားမှုနှင့် ကလေးအာရုံကြော ဖွံ့ဖြိုးမှု ပိုကောင်းစေတဲ့ သက်ရောက်မှုလည်း ဖြစ်စေပါတယ်။

၃။ အရာအားလုံးကို ကျော်ဖြတ်သွားပါလိမ့်မယ်
————————————————–

ကိုယ်ဝန်ဆောင်မိခင်တိုင်းဟာ ကိုယ်ဝန်ပထမအပတ်မှ ကိုယ်ဝန် ၁၄ပတ်- ၁၆ပတ်အကြားမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်းနှင့် ရောင်ရမ်းခြင်း ကဲ့သို့ ကိုယ်ဝန်ဆောင် လက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ဒါပေမယ့် ပထမ (၃)လကျော်သွားရင်တော့ ပျို့အန်ချင်တာတွေ၊ နေမကောင်းဖြစ်တာတွေ ကြုံရတော့မှာ မဟုတ်ပါဘူး။ ပျို့အန်တာ သက်သာစေဖို့အတွက် အိပ်ရေးဝဝအိပ်ပါ။ အစားအသောက်ကို ဂရုစိုက်ပါ။ ပြီးရင် လေ့ကျင့်ခန်းမှန်မှန် လုပ်ပေးပြီးတော့ ရေများများ သောက်ပါ။

#Ref( Lifestyle Myanmar – ကိုယ်ဝန်ဆောင်နဲ့ပျို့အန်ခြင်း ဆောင်းပါးမှ)

#ရှမ်းပုတ်(မိုမိုလေး)

About the author

Cele Sai

Leave a Comment