Local Cele

စာမေးပွဲဖြေနိုင်လို့ ပျော်နေတဲ့တက္ကသိုလ်ကျောင်းသူလေး ချမ်းမြေ့မောင်ချို

Written by Cele Sai



သူမကို မြင်ရခဲတဲ့ မြန်မာအကျီင်္လေးနဲ့ သနပ်ခါးလေးလိမ်းပြီး အရမ်းကို ချစ်ဖို့ကောင်းနေတဲ့ ချမ်းမြေ့မောင်ချိုလေးကတော့ တကယ့်ကို အသည်းယားစရာလေးပါပဲနော်။






စာမေးပွဲဖြေနိုင်လို့ ပျော်နေတဲ့တက္ကသိုလ်ကျောင်းသူလေး မောင်ချို

Myanmar Idol Season 3 ရဲ့ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ချစ်စရာကောင်မလေး ချမ်းမြေ့မောင်ချိုကတော့ ထူးခြားတဲ့ အသံလေးနဲ့ ချစ်စရာအပြုအမူလေးတွေကြောင့် ပရိသတ်တွေကို ဖမ်းစားထားနိုင်သူလေးပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ချမ်းမြေ့မောင်ချိုလေးက စာမေးပွဲဖြေနိုင်တဲ့အကြောင်း ပရိသတ်တွေကို အသိပေးရင်း ချစ်စရာကောင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

သူမကို မြင်ရခဲတဲ့ မြန်မာအကျီၤလေးနဲ့ သနပ်ခါးလေးလိမ်းပြီး အရမ်းကို ချစ်ဖို့ကောင်းနေတဲ့ ချမ်းမြေ့မောင်ချိုလေးကတော့ တကယ့်ကို အသည်းယားစရာလေးပါပဲနော်။

ချစ်ပရိသတ်တွေအတွက် စာမေးပွဲဖြေပြီးပြီးချင်း အရမ်းပျော်နေတဲ့ တက္ကသိုလ်ကျောင်းသူချောချောလေး ချမ်းမြေ့မောင်ချိုလေးရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချမ်းမြေ့မောင်ချိုကတော့ “အရမ်းဖြေနိုင်ကြောင်းနဲ့ စာမေးပွဲဖြေနိုင်အောင် ဆုတောင်းပေးကြတဲ့ milestone တစ်ဦးချင်းဆီတိုင်းကိုကျေးဇူးတင်ပါတယ် အရမ်းချစ်ပါတယ်နော် သင်ကြားပေးတဲ့ ဆရာမအားလုံးကိုလဲကျေးဇူးတင်ပါတယ်

ဟီး ကျက်ထားသမျှစာတွေမမေ့လို့ ဦးနှောက်လေးကိုလဲကျေးဇူးတင်ပါတယ် ” ဆိုပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ဝေမျှပေးထားတာပါ။

အဆိုတော်မလေး ချမ်းမြေ့မောင်ချိုကတော့ လတ်တလောမှာ သီချင်းသစ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး၊ ပညာရေးပိုင်းမှာလည်း ကြိုးစားဖြစ်နေတယ်လို့ သိရပါတယ်။ ကျောင်းစာမှာလည်း ထူးချွန်တဲ့ ချမ်းမြေ့မောင်ချိုလေးကတော့ စာမေးပွဲကိုလည်း ချောချောမွေ့မွေ့ ဖြေဆိုနိုင်ပါတယ်တဲ့နော်။

ချစ်ပရိသတ်တွေလည်း အရမ်းတွေ ချစ်ဖို့ကောင်းနေတဲ့ တက္ကသိုလ်ကျောင်းသူလေး ချမ်းမြေ့မောင်ချိုကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

About the author

Cele Sai

Leave a Comment